သာယာဝတီ သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဩဂုတ်လ၂၂ရက် နံနက် ၈နာရီခွဲက ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျှက် သာယာဝတီမြို့နယ် ဇိမ်ဇာကျေးရွာအုပ်စု၊ ဇိမ်ဇာ အနောက် ဘုန်းတော်ကြီးကျောင်း မဟာသမယဓမ္မဗိမာန်တွင် ဇိမ်ဇာကျေးရွာအုပ်စု အတွင်း သောက်ရေတွင်း (၅)တွင်း တူးဖော်နိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား တက်ရောက် ခဲ့သည်။
ရှေးဦးစွာ ဇိမ်ဇာအနောက် ဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ဇိမ်ဇာကျေးရွာ အုပ်စု အတွင်း သောက်ရေတွင်း(၅)တွင်း တူးဖော်နိုင်ရေး အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ထောက်ပံ့ငွေကျပ် သိန်း(၃၀) အား ကျေးရွာ တာဝန်ရှိသူများထံပေးအပ်ကာ ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များ တင်ပြမှုများ အပေါ် တာဝန်ရှိ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် ဇိမ်ဇာကျေးရွာအတွင်း သောက်ရေတွင်းတူးဖော်ထားရှိမှု၊ လျှပ်စစ်မီးလင်းရေး ဆောင်ရွက် ထားရှိမှု များကို လှည့်လည် ကြည့်ရှု ခဲ့ကြောင်းသိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)