Skip to main content

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများနှင့် IDP စခန်းများရှိ အိမ်ထောင်စုများအား စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့ခြင်းနှင့် ပိုးတွေ့လူနာ/ သံသယလူနာများအား သီးခြားထားရှိရန် ယာယီအဆောက်အဦဆောက်လုပ်နိုင်ရေး ထောက်ပံ့ပေးအပ်

နေပြည်တော် ဩဂုတ် ၂၁


ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်း များနှင့် IDP စခန်းများတွင် နေထိုင် ကြသော အိမ်ထောင်စုများအား အစိုးရ ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီ အစဉ် (CERP) အရ စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့ခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအစီအစဉ် အရ စခန်းများတွင် ပိုးတွေ့လူနာ/ သံသယလူနာများအား သီးခြားထားရှိ ရန် ယာယီအဆောက်အဦများ ဆောက်လုပ်နိုင်ရေး ရန်ပုံငွေထောက်ပံ့ခြင်းတို့ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာ န၌ အွန်လိုင်းစနစ်ဖြင့်ပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါ အဖြစ် ကြေညာလိုက်ချိန်မှစ၍ မိမိတို့ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင် ပြည်နယ်ရှိ IDP စခန်းများနှင့် တိုက်ပွဲ ရှောင်စခန်းများအတွက် ကိုဗစ်-၁၉ ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ စနစ်တကျ ဆောင်ရွက်ရသည့် လုပ်ငန်းလမ်းညွှန် (SoP) ကိုရေးဆွဲပြီး ဆောင်ရွက်ပါကြောင်း၊ စခန်းများတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့ရှိရပါက လူနာညွှန်းပို့ခြင်း လုပ်ငန်းစဉ်များ၊ စောင့်ကြည့်လူနာများ နှင့်သံသယလူနာများအား သီးခြား သတ်မှတ်ထားသော နေရာများနှင့် ဆေးရုံများသို့ အချိန်မီလွှဲပို့နိုင်ရေး အတွက် အစီအစဉ်များ စသည့်တို့ကို ထည့်သွင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုအစီအစဉ်များအရ ယာယီ အဆောက်အဦများ ဆောက်လုပ်နိုင် ရန် ရန်ပုံငွေများကို ယနေ့ပေးအပ်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီ အစဉ် (CERP) ကို ချမှတ်ခဲ့ရာ အဓိက အားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိမိတို့ ဝန်ကြီးဌာနသုံးခုကို ရွေးချယ်၍ ပြည်သူများအတွက် တိုက်ရိုက် အကျိုးရှိစေမည့် အထောက်အပံ့များ ပေးနိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုအစီအစဉ်အရ မိမိတို့ဝန်ကြီးဌာန အနေဖြင့် IDP စခန်းများနှင့် တိုက်ပွဲ ရှောင်စခန်းတွင် နေထိုင်ကြသော အိမ်ထောင်စုများ စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန်အတွက် ထောက်ပံ့မှု များကို ပေးအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဘဏ္ဍာငွေကြေး အကန့်အသတ်ဖြင့် သုံးစွဲနေရသော် လည်း ပြည်သူများဘေးဒုက္ခကျရောက် နေချိန်တွင် ပြည်သူများတိုက်ရိုက် အကျိုးရှိမည့် လုပ်ငန်းများကို ဆောင်ရွက်ပေးပါကြောင်း။

ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေး

ထို့ကြောင့် အကန့်အသတ် ရှိသော ဘဏ္ဍာငွေများကို အလေ အလွင့်မရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယခု ထောက်ပံ့မှုအစီအစဉ်များကို ကိုဗစ်-၁၉ ကြောင့် အသွားအလာ ကန့်သတ်မှုများရှိလာ၍ ယခုကဲ့သို့ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်းနှင့် ရခိုင်ပြည်နယ် အစိုးရ၏ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို အားလုံးက ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြန်လည် ထူထောင်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က CERP အစီအစဉ်အရ တစ်နိုင်ငံလုံးရှိ အသက် (၈၀)နှစ်နှင့် (၈၅)နှစ်အကြား သက်ကြီး ရွယ်အိုများအား ငွေကြေးတစ်ကြိမ် ထောက်ပံ့ခြင်း၊ မသန်စွမ်းသူများအား ငွေကြေးတစ်ကြိမ် ထောက်ပံ့ခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးတစ်ကြိမ် ထောက်ပံ့ခြင်း အစီအစဉ်များကို ရှင်းလင်းတင်ပြ သည်။

ထို့အပြင် ရခိုင်ပြည်နယ်သည် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေးဖွားသောကလေး အသက်(၂) နှစ် အထိ ငွေကြေးထောက်ပံ့ခြင်း (MCCT)အစီအစဉ်တွင် အကျုံးဝင်နေသည့် အတွက် CERP အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေး တစ်ကြိမ် ထောက်ပံ့ခြင်းအစီအစဉ် တွင် မပါဝင်တော့သော်လည်း MCCT အစီအစဉ်အရ ထောက်ပံ့မှုများကို ကိုဗစ်-၁၉ ကာလ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုက ထောက်ပံ့မှုများသည် ရခိုင်ပြည်နယ် တွင် နေထိုင်ကြသူများအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ အလေအလွင့်မရှိအောင် ဆောင်ရွက် မည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် အတွက် ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။

ထောက်ပံ့ငွေများပေးအပ်

ထို့နောက် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ ရခိုင်ပြည်နယ် ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများရှိ အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန် အိမ်ထောင်စု ၄၀၁၀၃ စုအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၆၀၄၁၂၀၀၀ဝ နှင့် ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစီအစဉ်အရ စခန်းများတွင် ပိုးတွေ့လူနာ/ သံသယ လူနာများအား သီးခြားထားရှိရန် ယာယီအဆောက်အဦ Long House အလုံး ၃၀ ဆောက်လုပ်နိုင်ရေးအတွက် စုစုပေါင်းငွေကျပ် ၂၆၆၄၀၀၀၀ဝ ကို ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ထံသို့ ပေးအပ်ခဲ့ကြောင်း သိရ သည်။

သတင်းစဉ်