နေပြည်တော် ဩဂုတ် ၂၁
၁။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ စိစစ်ကာ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၃ ဒသမ ၇၃၁ သန်း၊ ၂၀၂၀ပြည့်နှစ် ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၆၄၁ ဒသမ ၈၀၂ သန်း ခွင့်ပြုဆောင်ရွက်ပေးနိုင်ခဲ့ပါ သည်။
၃။ ၂၀၂၀ ပြည့်နှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-