Skip to main content

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် Triangle Women Organization တို့ပူးပေါင်းပြီး Women’s Rights and Gender Orientation Training အလုပ်ရုံသင်တန်း ဖွင့်လှစ်

ရန်ကုန် ဩဂုတ် ၁၉

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် Triangle Women Organization တို့ ပူးပေါင်းပြီး Women’s Rights and Gender Orientation Training အလုပ်ရုံ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ ခွဲက ရန်ကုန်မြို့ ၆ မိုင်ခွဲရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံး၌ ပြုလုပ်သည်။

အလုပ်ရုံသင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဝန်ထမ်းများနှင့် ပြင်ပမှ ဘာသာရပ်ကျွမ်းကျင် နည်းပြများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး Triangle Women Organiza-tion မှ Founder and Director ဖြစ်သူ ဒေါ်ခင်လေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်သည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြည်သူများအကြား ကွင်းဆင်း၍ လူ့အခွင့်အရေး မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အကန့်အသတ်ရှိနေစဉ်အတွင်း ကော်မရှင်ရုံး ဝန်ထမ်းများ၏ စွမ်းရည် မြှင့်တင်ရေးနှင့် New Normalအတွက် ကြိုတင်ပြင်ဆင် ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ကော်မရှင်ရုံး ဝန်ထမ်း များ၏ စွမ်းရည်မြှင့်တင်ရေး အစီ အစဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေ ဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အလုပ်ရုံသင်တန်းကို မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင် အဖွဲ့ (MILI)၏ ပူးပေါင်းပါဝင်မှုဖြင့် ဇူလိုင် ၂ ရက်တွင် လည်းကောင်း၊ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ သင်တန်းကို NGO Child Rights Working Group ၏ ပူးပေါင်း ပါဝင်မှုဖြင့် ဇူလိုင် ၂၂ ရက်တွင် လည်းကောင်း ကော်မရှင်ရုံး၌ ဖွင့်လှစ်နိုင်ခဲ့သည်။

ယနေ့ပြုလုပ်သည့် အလုပ်ရုံသင်တန်းဖွင့်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် Social Distancing နှင့် အညီပြုလုပ်ခဲ့ပြီး သင်တန်းတွင် အမျိုးသမီးအခွင့်အရေး အခြေအနေများကို နှစ်ရက်တာ ဆွေးနွေးပို့ချမည်ဖြစ်ကာ ကော်မရှင်ရုံးဝန်ထမ်း ၃၅ ဦး တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်