ဝေါ ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ ပြည့် နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဇူလိုင်လ ၂၅ ရက်မှစတင်၍ ပထမအကြိမ်ထုတ်ပြန်ကြေညာ ထားပေး ရာ ယနေ့ အထိ မဲစာရင်းလာ ရောက်ကြည့်ရှု သူ ဦးရေ (၇၅၄၉၈) ဦးခန့် ရှိပြီး လာရောက် လျှောက်ထားသူ ကန့်ကွက်သူနှင့် ပြင်ဆင်သူ များရှိကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ယမန်နေ့အထိ မဲစာရင်း၌ အမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လာရောက် လျှောက်ထားသူ (၇၇၀)ဦး ၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက် ကန့်ကွက်သူ (၉၃)ဦး ၊ မဲာ ရင်းတွင် ကိုယ်ရေးအချက်အလက်များ မှားယွင်းနေသဖြင့် ပြင်ဆင်ရန် ပုံစံ(၄) (ဂ)ဖြင့် လာရောက် လျှောက် ထားသူစုစုပေါင်း (၁၁၂၄) ဦး ရှိကြောင်းသိရသည်။
ဝေါမြို့နယ်၌ ရပ်ကွက်(၆)ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၅၈) အုပ်စုတို့တွင် လက်ရှိအချိန်ထိဆန္ဒ မဲပေးပိုင်ခွင့် ရှိသူဦးရေ (၁၅၀၀၀၀) ဦးခန့်ရှိပြီး လျာထားမဲရုံ အရေအတွက်မှာ (၁၁၅) ရုံရှိကြောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဒေါ်ထိုက်ထိုက်လွင် ထံမှ သိရှိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)