Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အခြေခံပညာကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ဇွန်

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဦးအောင်ဆွေဦးနှင့်အတူ ယနေ့နံနက် ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနေမှုများ ကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စနစ်သစ် Grade-12 စာသင်ခန်းမှ ကျောင်းသား ကျောင်းသူ များကို ဇီဝဗေဒဘာသာရပ် သင်ကြားသင်ယူနေမှုနှင့် ပတ်သက်၍ ကျောင်းသင်ခန်းစာပါ Metabolism မှ Catabolism နှင့် Anabolism အကြောင်းကို ရှင်းလင်းပြောကြားကာ ကျောင်းသား ကျောင်းသူများ အနေဖြင့် Grade-12 ကို ထူးထူးချွန်ချွန်အောင်မြင်ရေးအတွက် တစ်နေ့စာ တစ်နေ့ ကျေညက်အောင် ကြိုးစားလေ့လာကြစေလိုပါကြောင်း၊ ပညာရည် မြင့်မားမှသာ မိမိဘဝ၊ မိမိနိုင်ငံကို တိုးတက်မြင့်မားစေမည်ဖြစ်ပါကြောင်း၊ စာတတ်ရုံမျှမက မိမိနိုင်ငံနှင့် လူမျိုးကို တန်ဖိုးထားသည့်စိတ်၊ တိုင်းပြည်နှင့် လူမျိုးကိုချစ်မြတ်နိုးသည့်စိတ်၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းလိုစိတ်များလည်း ရှိကြရန်လိုပါကြောင်း၊ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများအားလုံး ဉာဏ်ရည်မတူနိုင်သော်လည်း ဝီရိယထား၍ ကြိုးစားခွင့်တူညီစွာရှိနေသည့် အတွက် အားလုံးကြိုးစားကြစေလိုပါကြောင်း အားပေးစကားပြောကြားကာ ဆရာဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်