Skip to main content

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk ) အမှတ်စဉ် (၁၅) ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၂

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ်(၁၅) ဆွေးနွေး ပွဲကို ယနေ့မွန်းလွဲပိုင်းတွင်အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က Knowledge Sharing Progra-mme (KSP) အသိပညာ မျှဝေခြင်းကြောင့် တစ်ဦးသိရှိထားသည့် အကြောင်းအရာများကို အများစုကို မျှဝေရခြင်းဖြစ်သည့်အတွက် အများသိစေခြင်း၊ အထူးသဖြင့် ဘာသာရပ်ဆိုင်ရာခေါင်းစဉ်များကို မျှဝေပေးခြင်းကြောင့် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် လုပ်ငန်းခွင်တွင် အမှားနည်းခြင်းဖြင့် အပေါင်းလက္ခဏာ ဆောင်သည့်အတွက် (Capicity) ကောင်းအောင်၊ ဝန်ထမ်းတစ်ဦးစီ၏ အရည်အချင်းတိုးတက်လာ မည်ဖြစ်သည့်အတွက် လုပ်နိုင်ကိုင်နိုင်စွမ်း၊ လုပ်တတ်ကိုင်တတ် လာအောင် ဖြည့်ဆည်းပေးခြင်းစသည့် ရည်ရွယ်ချက်ဖြင့် Knowledge Sharing Progra-mme (KSP) အသိပညာမျှဝေ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးမည့်ခေါင်းစဉ် ၌ အခြေခံဖြစ်သည့် အာဆီယံ ၁၀ နိုင်ငံ ဖွဲ့စည်းဖြစ်ပေါ်မှုနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများမတူကွဲပြားမှု အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက “အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများကို လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာ ကြသူများက ဆွေးနွေးမှုခေါင်းစဉ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်