Skip to main content

ခြင်ကျားလောက်လမ်း ကင်းစင်ကျောင်းများ ထူထောင်

ယခုနှစ် ဇန်နဝါရီ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၇၁၇ ဦးနှင့် သေဆုံးသူ ခုနစ်ဦး ရှိခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများပြားနေသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။ မိမိတို့နိုင်ငံသည် သွေးလွန် တုပ်ကွေး အများဆုံးဖြစ်ပွားသည့် ဒေသတွင်းနိုင်ငံများတွင်ပါဝင်ပြီး ရောဂါကြောင့် နှစ်စဉ်လူသေဆုံးမှုများလည်းရှိနေရာ ဂရုပြုကာကွယ်နှိမ်နင်းရန် လိုအပ်လျက်ရှိသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မူကြိုအရွယ်ကလေးများနှင့် မူလတန်းကျောင်းသူ ကျောင်းသားများဖြစ်သည့် အသက် နှစ်မှ နှစ်အရွယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်၍ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ခြင်ကျား လောက်လမ်း ကင်းစင်ကျောင်းများထူထောင်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အထက်ပါလုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ဆွေးနွေးခဲ့ရာ ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်မှု လုပ်ငန်းစဉ်များနှင့် တစ်ဆက်တစ်စပ်တည်းပင်ဖြစ်ပြီး ကျောင်းသူကျောင်းသား ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် အလေးထားဝိုင်းဝန်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါသည် ကာကွယ်ဆေးရော ကုသဆေးပါမရှိသေးသည့် ရောဂါဖြစ်ပြီး ကြိုတင်ကာကွယ်မှုနှင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက် ရမည်ဖြစ်သည့်အလျောက် အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားရမည်ဖြစ်သည်။ ခြင်နှိမ်နင်းရေးအတွက် ကျောင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပိုးလောက်လမ်းနှိမ်နင်းရေးနှင့် ခြင်နှိမ်နင်းရေး၊ ခြင်မကိုက်အောင် ဝတ်စားဆင်ယင်နေထိုင်ရေး ကျန်းမာရေးပညာပေးခြင်း စသည့်လုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဆက်စပ်လျက်ရှိသော ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်/ကျေး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများ၊ စည်ပင်သာယာ၊ မီးသတ်၊ ကြက်ခြေနီ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက် သွားကြရမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်ရေသန့်တွင် ပေါက်ဖွားပြီး နေ့အခါတွင် လူကိုကိုက်လေ့ရှိသည့် ခြင်ကျားအကိုက်ခံရခြင်းမှ ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။ အသက် ၁၅ နှစ်အောက်တွင် အများဆုံးဖြစ်ပွားပြီး အသက်အရွယ်မရွေး၊ ကျား၊ မရွေး၊ မြို့/ရွာ မရွေး၊ ရာသီမရွေး ကူးစက်ဖြစ်ပွားသောရောဂါလည်း ဖြစ်သည်။ ရောဂါပိုးသယ်ဆောင်ထားသည့် ခြင်ကိုက်ခံရပြီး ပျမ်းမျှ ရက်မှ ရက်အကြာတွင် သွေးလွန်တုပ်ကွေးလက္ခဏာ များ စတင်ပြသပြီး ရောဂါအဆင့် ဆင့်တွင် ပထမအဆင့်၌ ရာသီတုပ်ကွေးအဖျားနှင့်ဆင်တူပြီး တစ်ခါတစ်ရံ အစက်အပြောက်များ ပေါ်လာတတ်သည်မှလွဲ၍ စိုးရိမ်ရသည့် လက္ခဏာ မရှိသော်လည်း သွေးလွန်တုပ်ကွေးရောဂါအဆင့်နှင့် သွေးလန့်ခြင်းအဆင့်တို့ဖြစ်သည့် ကော်ဖီရောင်အန်ခြင်း၊ ဝမ်းမည်းသွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြား သွေးယိုခြင်း၊ ခန္ဓာကိုယ်တွင် သွေးခြည်ဥကဲ့သို့ အနီကွက်များပေါ်ခြင်း၊ ကိုယ်အပူချိန် ရုတ်တရက် ကျဆင်းခြင်း၊ မှိန်းခြင်း၊ ဂနာမငြိမ်ခြင်း၊ ခြေဖျားလက်ဖျား အလွန်အေးစက်ခြင်း၊ သွေးပေါင်အလွန်ကျဆင်းခြင်း၊ ရုတ်တရက် ဗိုက်အောင့်ခြင်း၊ အစာ/ရေမဝင်ဘဲ အဆက်မပြတ် အန်ခြင်း၊ အပေါ်သွေး၊ အောက်သွေးခြားနားချက် ၂၀ မီလီမီတာ မာကျူရီ သို့မဟုတ် ထို့ထက်နည်းခြင်း စသည့်စိုးရိမ်ရသော လက္ခဏာတစ်ခုခု တွေ့ရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းတို့တွင်ပြသပြီး ကုသမှုခံယူကြရမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးကာကွယ်ရေးတွင် ခြင်နှိမ်နင်းရေးသည် အဓိကဖြစ်ရာ ရပ်ကွက်၊ ကျေးရွာ၊ ကျောင်းများ ခြင်ကျားလောက်လမ်း ကင်းစင်ရေးတွင် လူတိုင်းပါဝင်ကြရပါမည့်အကြောင်း။