Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့ကမ်းနားလမ်း တာရိုးပေါ်ရှိ လူသွားစင်္ကြံ ပေ(၁၀၀)ခန့် ကျွံကြမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

မုံရွာ  ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်တာဝန်ရှိသူများသည် ယနေ့ နေ့လယ်ပိုင်း က မုံရွာမြို့  ရုံးကြီးရပ်ကွက်ရှိ သလ္လာဝတီဆိပ်ကမ်းနားလမ်း တာရိုးပေါ်ရှိ လူသွားစင်္ကြံ ဖို့မြေများမသေမှုကြောင့် ပေ(၁၀၀)ခန့် ကျွံကြမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ လူသွားစင်္ကြံပေ(၁၀၀)ခန့်အား  ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေးကို အထူးအလေး ထား၍ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အားလုံးပူးပေါင်း ဆောင်ရွက်ပေးရန် မုံရွာမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရ သည်။

ထွန်းကိုကို(ယင်းမာပင်)