Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အစိုးရအဖွဲ့ရုံးရှိ CCTV Control Room အား ကြည့်ရှုစစ်ဆေး

မုံရွာ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် (၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ CCTV Control Room အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့ (၈)နေရာ၌ CCTV (၃၁)လုံး၊ မုံရွာမြို့ (၁၃) နေရာ၌ CCTV (၅၇)လုံး၊ ရွှေဘိုမြို့(၁၀)နေရာ၌ CCTV (၃၉)လုံး၊ ကသာမြို့(၃)နေရာ၌ CCTV (၁၁)လုံး၊ ကလေးမြို့(၆)နေရာ၌ CCTV (၂၅)လုံးနှင့် တမူးမြို့(၃)နေရာ၌ CCTV (၁၃)လုံး စုစုပေါင်း သတ်မှတ်ပွိုင့် (၄၃) နေရာတွင် CCTV အလုံးပေါင်း (၁၇၆) လုံးကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သန်း (၆၀၀) အကုန်ကျခံကာ ဆောင်ရွက်ပေးလျက် ရှိသည်။

ထို့ကဲ့သို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် CCTV များ တပ်ဆင်ထားရှိခြင်းအားဖြင့် ပြည်သူလူထု အတွက် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ တင်ဆင်အသုံးပြုလျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ CCTV Control Roomမှ သက်ဆိုင်ရာမြို့နယ်များ အားလုံးကို အနီးကပ်ကြီးကြပ်ကွပ်ကဲ၍ လိုအပ်သော လမ်းညွှန်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်းနှင့် ကျန်ရှိသော စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ စသည့်မြို့နယ်များတွင်လည်း ဆက်လက်တပ်ဆင် အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)