Skip to main content

ပုသိမ်မြို့၌ ကြက်ခြေနီကြီးကြပ်မှုကော်မတီ အရေးပေါ်ကွပ်ကဲမှုစင်တာ (Emergency Operation Center)ဖွင့်ပွဲနှင့် ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲကျင်းပ

ပုသိမ်  သြဂုတ်  ၁၄

ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အရေးပေါ်ကွပ်ကဲမှုစင်တာ (Emergency Operation Center) ဖွင့်ပွဲနှင့်  ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ အရေးပေါ်ကွပ်ကဲမှု စင်တာ(Emergency Operation Center) အဆောက်အဦအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား​ရေးရာဝန်ကြီး၊ မြန်မာနိုင် ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ကိုဗစ်-၁၉ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံပါ ဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား ဆက်လက်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်း သားရေးရာရေးဝန်ကြီး ဂါ့မိုး​မြတ်​မြတ်သူ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဋ္ဌ ​ဒေါက်တာအမရာမော်နိုင်တို့က အမှာစကားများ ပြောကြားခဲ့သည်။

ထို့​နောက် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီအရေးပေါ် ကွပ်ကဲမှုစင်တာနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြား​ရေးမှူး ဒေါ်စန်းစန်းမော်မှ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမန်းကြည်ရွှင်က ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ တင်ပြခဲ့ပြီး​နောက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။

မြင့်ဟန်(ပြန်/ဆက်)