နေပြည်တော် ဩဂုတ် ၁၃
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ တံတား တစ်စင်းအား AA အကြမ်းဖက်သောင်းကျန်းသူ များက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်တွင် ရသေ့တောင် မြို့နယ် ကျောက်ခုံဘုတ်ကျေးရွာနှင့် ရေစိုးချောင်း ကျေးရွာတို့အား ဆက်သွယ်ထားသည့် သံပေါင် ဘေလီ ပျဉ်ခင်းအမျိုးအစား အရှည်ပေ ၁၂၀ ခန့်ရှိ တံတားကို ယမန်နေ့ နံနက် ၄ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲ ဖျက်ဆီးခဲ့ရာ တံတား၏အလယ်တွင် ပေ ၃၀ ခန့် ပျက်စီးခဲ့ပြီး ဖြတ်သန်းသွားလာ၍ မရကြောင်း ဖော်ပြထားသည်။
AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ပျက်ပြားစေရန် ရည်ရွယ် ချက်များဖြင့် အများပြည်သူသွားလမ်းများ၊ တံတား များကို မိုင်းထောင်ခြင်း၊ ဖောက်ခွဲခြင်းများ မကြာခဏ ပြုလုပ်ခြင်းများကြောင့် ဒေသခံပြည်သူ လူထုအနေဖြင့် စိုးရိမ်ကြောင့်ကြ ထိတ်လန့်လျက် ရှိပြီး ယင်းနေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရ သည်။
သတင်းစဉ်