Skip to main content

မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးနှင့် SOMS Office အဖွဲ့တို့၏ လုပ်ငန်းတာဝန်ခွဲဝေမှု ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၂

 မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးနှင့် SOMS Office အဖွဲ့တို့၏ လုပ်ငန်းတာဝန်ခွဲဝေမှု ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ()နာရီတွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က (OS) သင်တန်းများဖွင့်လှစ် ထားရှိမှုနှင့် ထပ်မံဖွင့်လှစ်ရန် ကြိုတင်ဆောင်ရွက်နေမှုအခြေအနေ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ထောက်ပံ့ထားသောရန်ပုံငွေနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီ (IOC)မှ Report များကို ရှင်းလင်း တင်ပြရေး SOMS Office အဖွဲ့၌ လုပ်ငန်းတာဝန်များ ခွဲဝေဆောင်ရွက်မှုနှင့် နောက်ဆုံး SOMS အစည်းအဝေးတွင် ဆွေးနွေးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က မြန်မာအိုလံပစ်ကော်မတီ(MOC) တွင် တာဝန် ပေးထားမှုများ၊ SOMS Office တာဝန်ပေးထား မှုများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ လုပ်ငန်းလည်ပတ်နေမှုနှင့် SOMS လုပ်ငန်း တာဝန်များ ခွဲဝေထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်တို့က အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ ထောက်ပံ့ထားသော ရန်ပုံငွေများ၊ (OS)သင်တန်းများ ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုများ၊ မြန်မာအိုလံပစ် ကော်မတီ(MOC)လက်အောက်ရှိ ကော်မတီအရပ်ရပ်၏ တာဝန်ခွဲဝေထားရှိမှုများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် SOMS တာဝန်ခံ ဦးမြသန်းထိုက်(ကျွမ်းကျင်သူ) က SOMS လုပ်ငန်းတာဝန် ခွဲဝေမှု၊ နိုင်ငံတကာနှင့် နောက်ဆုံး ဆွေးနွေး ထားရှိမှုများ အခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အောက်ရှိ ကော်မတီအသီးသီးမှ အဖွဲ့ဝင်များအား ကော်မတီနှင့်သက်ဆိုင်သောသင်တန်းများ လေ့ကျင့် သင်ကြားပေးရန်၊ သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC)အောက် ရှိ ကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊ နေ့စဉ်မြန်မာ အိုလံပစ် ကော်မတီ(MOC) လုပ်ငန်း တာဝန်များ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC)နှင့် ချိတ်ဆက်ဆောင်ရွက်ပြီးစီးမှုများအား အချိန်နှင့်တပြေးညီ တင်ပြ ဆောင်ရွက် ကြရန် မှာကြားသည်။

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် SOMS ရုံးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)