လွိုင်ကော် သြဂုတ် ၁၂
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ တားဆီးကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ စေတနာရှင်၊ အလှူရှင်များနှင့် အဖွဲ့အစည်းအသီးသီးမှ လှူဒါန်းသည့် ပစ္စည်းများကို လည်း ပြည်နယ်တွင်းရှိ မြို့နယ်အသီးသီးသို့ အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို သည် ယမန်နေ့ မွန်းလွဲပိုင်းက “အပြည်ပြည်ဆိုင်ရာ အကူ အညီပေးရေးအဖွဲ့ International Rescue Committee (IRC)မှ လှူဒါန်းသည့် PPE ဝတ်စုံ (၁၀၀၀) စုံနှင့် PPE ခေါင်းဆောင်း (၁၀၀၀) ခု” အား ၎င်း၏ ရုံးခန်း၌ လက်ခံဆောင်ရွက်ခဲ့ပြီး ဂုဏ်ပြု မှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)