Skip to main content

ကယားပြည်နယ်ဝန်ကြီးချုပ် မြလဲကျေးရွာ လျှပ်စစ်မီးလင်းရေး၊ ရေရရှိရေးနှင့် လယ်ယာ ကုန်ထုတ်လမ်း ဆောင်ရွက်ပေးရန် တင်ပြသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

လွိုင်ကော် သြဂုတ် ၁၂

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်များသို့သွားရောက်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံ ပြည်သူများ၏ တင်ပြချက်များအပေါ် တတ်စွမ်းသမျှ ဖြည့်ဆည်း ပံ့ပိုး ပေးလျက်ရှိပြီး ကယားပြည်နယ် အစိုးရအဖွဲ့ရုံးသို့ လာရောက်၍ တင်ပြဆောင်ရွက်သည့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း တတ်စွမ်းသမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ကယား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန တာဝန်ရှိသူများနှင့်အတူ ဒီးမော့ဆို မြို့နယ်၊ မြလဲကျေးရွာမှ ဒေသခံ ပြည်သူများအား ၎င်း၏ ရုံးခန်း၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ၎င်းတို့မှ ကျေးရွာ၏ လျှပ်စစ်မီးလင်းရန် ကျန်ရှိသည့် နေအိမ်များ မီးလင်းရေး၊ ကျေးရွာ သောက်သုံးရေ ရရှိရေးနှင့် ကျေးရွာအတွက် လိုအပ်သည့် လယ်ယာ ကုန်ထုတ်လမ်း များအား ဖြည့်ဆည်း ပံ့ပိုးပေးစေလို ကြောင်း တင်ပြခဲ့ကြသည်။

တင်ပြချက်နှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ လျှပ် စစ် မီးရရှိရေး ကဏ္ဍနှင့် စပ်လျဉ်း၍ ဆောင်ရွက် ပေးနိုင်မည့် အခြေအနေများ၊ ရေရရှိရေး လုပ်ငန်းနှင့် လယ် ယာ ကုန်ထုတ်လမ်း ဖောက်လုပ် ပေးရန် လုပ်ငန်းများ အတွက် သက်ဆိုင်ရာ ဌာနများမှ ကွင်းဆင်းစိစစ် ဆောင်ရွက်ပေးသွားမည့် အခြေအနေ များအား ပြန်လည် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)