Skip to main content

AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ ၁ ဦး ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၀

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွှယ်သူ ၁ ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် အမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့သည် ယာဉ်ဝင်/ထွက် သွားလာမှုများအား စစ်ဆေးလျက်ရှိရာ ဩဂုတ် ၅ ရက် ညနေပိုင်း တွင် စစ်တွေမှ မန္တလေးသို့ ထွက်ခွာလာသော ရွှေလမင်းခရီးသည်ယာဉ်ကို ရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်လိုက်ပါလာသူများထဲမှ ပေါက်တောမြို့ သုံးပတ်ချိုင်ကျေးရွာနေ အောင်သိန်းထွန်း ၂၅ နှစ်အား AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်သည့် သတင်းအချက် အလက်များ ပါရှိသော ဖုန်းနှင့်အတူ စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် အောင်သိန်းထွန်းအား တရားဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အမ်းမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ ကြောင်း ဖော်ပြထားသည်။

 သတင်းစဉ်