ပုသိမ် သြဂုတ် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်မောင်၊ တိုင်းဒေသကြီးအဆင့် ညွှန်ကြားရေးမှူးများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကန်ကြီးထောင့် မြို့နယ် ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာ၌ " ပေါ်ဆန်းမွှေး " မျိုးစေ့ထုတ် သမဝါယမ အသင်းသား ၁၀ ဦးနှင့်တွေ့ဆုံပြီး၊ မျိုးသန့် စပါး ၃၀ ဧက စိုက်ပျိုးထားရှိသည်ကို ကြည့်ရှုကြပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ကွင်းယာအရှေ့ကျေးရွာ၊ ကွင်းသာယာခန်းမတွင် ထောက်ပံငွေပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးက ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ကုစားမှု၊ ဖေးမပေးမှုတစ်ရပ်အဖြစ် စိုက်ပျိုးရေးကို အခြေခံသော ကျေလက်နေမိဘပြည်သူများဖြစ်သော စံပြစိုက်ပျိုးရေးလုပ်ကွက်၊ အကောင်အထည်ဖော် ဆောင်ရွက်နေသော ပေါ်ဆန်းမွှေး မျိုးစေ့ထုတ် သမဝါယမအသင်း၏ မိုးစပါး မျိုးစေ့ထုတ် အသင်းသား တောင်သူ ၁၀ ဦး၊ ဧက ၃၀ ကို ၊ စီးပွားရေးလုပ်ငန်းများ လျှင်မြန်စွာ တည့်မတ်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် သမဝါယမဦးစီးဌာန၊ ပုဂ္ဂလိကများ ပူးပေါင်းပါဝင်၍ ထောက်ပံ့ငွေ ကျပ် ၄၄၅၅၀၀ဝိ/- ကိုထောက်ပံ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော မျိုးစပါးမျိုးစေ့ထုတ် တောင်သူ ၁၀ ဦးအားထောက်ပံငွေ ထောက်ပံ့ငွေကျပ် ၄၄၅၅၀၀ဝိ/-ကို ဒုတိယဝန်ကြီးကပေးအပ်ပြီး တောင်သူများကိုယ်စား ကွင်းယားကြီးကျေးရွာမှ တောင်သူဦးစိုးအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေ့လည်ပိုင်းတွင် ညောင်တုန်းမြို့နယ် ကွင်းကောက်ကြီးကျေးရွာအုပ်စု ရိုးကြီး ကျေးရွာတွင် ပြုလုပ်သည့် တွေ့ဆုံပွဲကို တက်ရောက်သည်။
တွေ့ဆုံပွဲတွင် ညောင်တုန်းမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မအေးက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Action Plan.8 ရပ်အပေါ် လုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
၎င်းနောက် ဒုတိယဝန်ကြီးဦးလှကျော်က မိမိတို့ဝန်ကြီးဌာနသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ကျေးလက်ကို အခြေခံသည့် လုပ်ငန်းများဖြစ်ကြောင်း၊ အားလုံးစုပေါင်းပြီး တန်ဖိုးရှိသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ အသင်းသားအားလုံးအတွက် အကျိုးရှိသော လုပ်ငန်းများကို လုပ်ကိုင်ဆောင်ကြရန်ဖြစ်ကြောင်း၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများသည် စိုက်ပျိုးရေးကို အခြခံသော မိဘပြည်သူများနှင့် ဖွဲစည်းထားသည့် အသင်းများဖြစ်သည့် အတွက် တောင့်တင်းခိုင်မာသော အသင်းဖြစ်စေရန် အသင်းသား ပြည်သူများ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်၊ သမဝါယမသည် ယခင်ကပုံရိပ်ကို ထိခိုက်စေခဲ့သော်လည်း သမဝါယမ၏ အနှစ်သာရသည် အလွန်မွန်မြတ်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိလာအောင် ပြန်လည်မြှင့်တင်ပေးရန် ဦးစီးဌာန၊ အသင်းနှင့် အသင်းသားများအားလုံးက ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး အခမ်းအနား တက်ရောက်လာကြသူ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သမဝါယမဦးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ညောင်တုန်းလယ်ယာ အထောက်အကူပြု ဝန်ဆောင်မှုသမဝါယမအသင်းမှ အသင်းသားများ တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ မောင်မောင်မြင့်(ပြန်/ဆက်)