Skip to main content

ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများ၌ တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက် လျက်ရှိ

 

နေပြည်တော် ဩဂုတ် ၇

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး အတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း တို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ယမန် နေ့တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၃၁၃ စီး၊ သွင်းကုန် ၄၂၂ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၃၀၄ စီး ကုန်စည်များ သယ်ယူ ပို့ဆောင်လျက်ရှိသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှုပြုလုပ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှုနှစ်မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၁ ဒသမ ၇၄၆ သန်း)တန်ဖိုးရှိ တရားမဝင် ရှောင်ကွင်းသယ်ဆောင်ရန် စုပုံထား သော ပိတောက်ခွဲသား ၁၈ ချောင်း (သုည ဒသမ ၄၅၀၀ တန်)၊ အကောက်ခွန်မဲ့ဘီယာ(Chang) (1x24)(33 Pkgs)အား သိမ်းဆည်း ရမိကြောင်း သိရသည်။

သတင်းစဉ်