နေပြည်တော် အောက်တိုဘာ ၁၁
နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် ၅၂ ဒသမ ၂၁၉၆ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၃ ရက်မှ ၉ ရက်အထိ နေပြည်တော် ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၃၁ ဒသမ ၃၉၆၄ တန်၊ သစ်မာ ၁၂ ဒသမ ၆၈၆၈ တန်၊ အခြား ၈ ဒသမ ၁၃၆၄ တန်၊ စုစုပေါင်း ၅၂ ဒသမ ၂၁၉၆ တန်၊ တရားခံ ၂၅ ဦး၊ ယာဉ်/ ယန္တရားနှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်