မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်းပသော ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ ဘာသာပြန် ရေးသားနည်း အခြေခံ လမ်းညွှန်သင်တန်းအမှတ်စဉ် (၁၀) ကို ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားမည်ဖြစ် သည်။
အဆိုပါ သင်တန်းတွင် လယ်တွင်းသားစောချစ်၊ မောင်ခင်မင် (ဓနုဖြူ)၊ မနုဿကျော်ဝင်း၊ မြင်းမူမောင်နိုင်မိုး၊ ချစ်နိုင် (စိတ်ပညာ)၊ မောင်ငြိမ်းသူ (ကြို့ပင်ကောက်)၊ စလင်းဘုန်းကျော်၊ မောင်စိမ်းနောင် (လယ်ဝေး)၊ မစန္ဒာ၊ ကြူကြူသင်း၊ မနှင်းဖွေး၊ မမိုးမြေ၊ မြတ်စိုး (လှိုင်)၊မှော် ဝန်းကြည်မြတ်၊ မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်)၊ ဒေါက်တာ တင်အောင်ရွှေ (သုတေသီ)၊ ပုသိမ်အောင်သန်း ဦး၊ စိုးမှူးတို့က သင်ကြားပို့ချကြမည်ဖြစ်သည်။ သင်တန်း တက်ရောက်လိုသူများသည် သတ်မှတ်သင်တန်းကြေး ပေးသွင်းရမည်။ အသက် ၁၆ နှစ် ပြည့်ပြီး သူဖြစ်ရမည်။ သင်တန်းမှ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရမည်။ အသေးစိတ် အချက် အလက် များကို မြန်မာနိုင်ငံစာရေး ဆရာ အသင်းရုံးအမှတ် (၁၇၃/၁၇၅) (၇)လွှာ၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း၀၁ -၂၅၂၄၁၇၊ ၀၁-၃၈၅၂၇၃ တွင်စုံစမ်း နိုင်သည်။ ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထားပြီး ဓာတ်ပုံသုံးပုံနှင့်အတူ လျှောက်လွှာ ပုံစံဝယ်ယူ တင်သွင်း နိုင်ကြောင်းနှင့် သင်တန်းသား အရေအတွက် ကန့်သတ်ထားသဖြင့် သတ်မှတ်ထားသော ရက်ကာလထက် နောက်မကျဘဲ စာရင်းပေးသွင်းကြရန် ဖြစ်သည်။
မြန်မာနိုင်ငံစာရေးဆရာအသင်း