Skip to main content

ပေါ်တူဂီနိုင်ငံမှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ ရန်ကုန်မြို့တွင် လှည့်လည်ရိုက်ကူး

ရန်ကုန် ဇန်နဝါရီ ၇

ပေါ်တူဂီနိုင်ငံအခြေစိုက် Vende-se Films မှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့သည် ရန်ကုန်မြို့ရှိ အထင် ကရနေရာများ၊ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ၊ ရိုးရာယဉ်ကျေးမှုများကို ဇန်နဝါရီ ၄ ရက်မှ ၆ ရက်ထိ ရိုက်ကူးခဲ့သည်။

အဆိုပါရိုက်ကူးရေးအဖွဲ့သည် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွဲကြပုံ၊ ရန်ကုန်-ဒလဆိပ်ကမ်းနှင့် ရန်ကုန်မြစ်အတွင်း သင်္ဘောများ သွားလာနေပုံ၊ ပန်းဆိုးတန်းလမ်းနှင့် အနီးတစ်ဝိုက်ရှိ ကိုလိုနီခေတ်အဆောက်အအုံများ၊ ရန်ကုန်ဘူတာကြီးတွင် ပြည်သူများ သွားလာနေပုံနှင့် မီးရထားလမ်းတစ်လျှောက်မြင်ကွင်းများ၊ ရွှေတိဂုံစေတီတော်တွင် ပြည်သူများ ဘုရားဖူး လာရောက်ကြပုံ၊ ကရဝိတ်နန်းတော်နှင့် ၎င်းတွင် မြန်မာ့ရိုးရာ ဆင်အကနှင့် ရုပ်သေးအနုပညာရှင် ဦးထွေးဦး ၏ ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်နေပုံကို ရိုက်ကူးခဲ့သည်။

ထိုသို့ရိုက်ကူးထားမှုများကို “The journey” မှတ်တမ်းရုပ်ရှင်အဖြစ် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စန်း(FDC)