Skip to main content

သဘာဝရေပြင်အတွင်း ရေငန်ပုစွန်သားပေါက်ကောင်ရေ ၅၈၀၀၀၀ မျိုးစိုက်ထည့်

စစ်တွေ  ဇန်နဝါရီ   ၅

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ သဘာဝရေပြင်တွင် ငါး/ပုစွန် သယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် သဘာဝရေပြင် အတွင်းသို့ရေငန်ပုစွန်သားပေါက်များကို စစ်တွေမြို့ ရေချမ်းပြင်ကားကူးဇက်ဆိပ်၌ ဇန်နဝါရီ ၃ ရက်က မျိုးစိုက်ထည့်ခဲ့သည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသက်ဦးက ရေငန်ပုစွန်များ သဘာဝရေပြင်အတွင်း မျိုးစိုက်ထည့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရေချမ်းပြင်ကျေးရွာအနီး မင်းဂံချောင်းအတွင်းသို့ ရေငန်ပုစွန်သားပေါက်ကောင် ရေ ၃၆၀၀၀၀ နှင့် ပေါက်တောမြို့နယ် စိုးမဲကျီကျေးရွာအနီး မြစ်ပြင်သို့ ရေငန်ပုစွန်သားပေါက်ကောင်ရေ ၂၂၀၀၀၀ စုစုပေါင်း ရေငန်ပုစွန် သားပေါက်ကောင်ရေ ၅၈၀၀၀၀ နှင့် မျိုးပုစွန် အမ သုံးကောင်ကို စိုက်ထည့်ပေးခဲ့ ကြောင်းသိရသည်။

သတင်းစဉ်