နေပြည်တော် ဇန်နဝါရီ ၅
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၈)ကို ဇန်နဝါရီ ၇ ရက်နေ့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ပွဲစဉ် (၄၈)၏ကိုဗစ်၁၉ ဆိုင်ရာ အသိပညာပေး အစီ အစဉ်ကို တေးသံရှင် ရဲထိုက် နှင့် MRTV မှ သဲယုဇော်တို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇန်နဝါရီ ၇ ၊ ၈၊ ၉ ရက်နေ့ များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်