Skip to main content

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် မဟာ အောင်မြေမြို့နယ်များအတွင်း အကြမ်းဖက်ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ခဲ့သော PDF အကြမ်းဖက်အဖွဲ့များအား ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်းများအား PDF အကြမ်းဖက်အဖွဲ့များမှ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ရက်တွင် KIA သောင်းကျန်းသူ တပ်မဟာ()တွင် PDF အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သော သူရအောင် (၂၈)နှစ်အား အမရပူရမြို့နယ်၊ ကျောက်စိမ်း ဘုရားအနီးတွင် လည်းကောင်း၊ အောင်ဖြိုး(၂၆)နှစ်အား ပစ္စတို လက်၊ ကျည်အိမ် ခု ကျည် ၁၆ တောင့်နှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ ၄၉ လမ်းနှင့် ၁၀၉ လမ်းထောင့်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ဇင်ဝိုင်း() မျိုးချစ်(၂၈)နှစ် အား လက်လုပ်သေနတ် လက်၊ ကျည် တောင့်၊ လက်လုပ်မိုင်း လုံး တို့နှင့်အတူ အမရပူရမြို့နယ်၊ ဆေးအိုးဘိုအဝိုင်းအနီးတွင် လည်းကောင်း၊ ရှိုင်းအောင်(၂၁)နှစ်အား ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်း အနီးတွင် လည်းကောင်း၊ ထက်လင်းခိုင်()ဒီပ (၂၃)နှစ်အား ချမ်းမြသာစည်မြို့နယ်၊ ၅၁ လမ်း x ၅၂ လမ်း၊ ၁၁၀(B)လမ်းတွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထပ်မံဖမ်းဆီးရမိ

တရားခံ ရှိုင်းအောင်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ရက်တွင် ဖြိုးသုန်ထွန်း (၂၁)နှစ်အား ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီးတွင် လည်းကောင်း၊ မျိုးကို() မျိုးကျော်(၂၀)နှစ်၊ အောင်မျိုးဝင်း(၂၁)နှစ်နှင့် ရှင်းသန့်နိုင်(၁၇)နှစ်တို့ ဦးအား လက်ပစ်ဗုံး လုံး၊ လက်လုပ်မိုင်း လုံး တို့နှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ နွယ်နီ ကျေးရွာ အနီးတွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

တရားခံ ထက်လင်းခိုင်()ဒီပ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ရက်တွင် သိန်းအောင် ()သိန်းစိုး(၂၀)နှစ်၊ သန့်ဇင်ဝင်း(၁၉)နှစ်နှင့် ပိုးသဉ္ဇာကျော်(၂၀)နှစ်တို့ ဦးအား ပြည်ကြီးတံခွန် မြို့နယ်၊ တံခွန်တိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီး တရားခံများ၏ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၈ ရက်တွင် အောင်ခန့်ဇော်(၂၁)နှစ်အား ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာတွင် လည်းကောင်း၊ ၎င်း၏ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂၅ ရက်တွင် ခင်အေးမော် (၅၀)နှစ်အား ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်တွင်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၃၀ ရက်တွင် MPDF အကြမ်းဖက်အဖွဲ့မှ အောင်သူရကျော်()ဇီးကွက်(၂၆)နှစ်၊ ကျော်စွာသက်(၂၁)နှစ်၊ ဝေယံထွန်း(၂၄)နှစ်၊ ကျော်မင်းသူ (၃၁)နှစ်၊ စည်သူဖြိုး(၂၇)နှစ်၊ သူရအောင်()ရှမ်းပုတ် (၂၉)နှစ်၊ ဇင်မင်းဌေး(၂၂)နှစ်၊ သီဟဇော်(၂၂)နှစ်၊ လှိုင်ဦး(၂၁)နှစ်၊ ကိုထွေး() မင်းသက်ထွေး(၃၃)နှစ်၊ မိုးဝင်း(၃၇)နှစ်၊ ချောစုစုဝေ(၂၂)နှစ်၊ အိမြတ်နိုးဦး(၂၈)နှစ်နှင့် ချစ်ဖူးငုံ (၂၈)နှစ်ပါ ၁၄ ဦးအား ချမ်းအေးသာဇံမြို့နယ်၊ ၂၇ လမ်းနှင့် ၇၂ လမ်းထောင့်ရှိ GIZA BAR RESTAURANT တွင် ထပ်မံဖမ်းဆီး ရမိခဲ့သည်။

တရားခံများ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မတ္တရာမြို့နယ်၊ တောင်ခေါင်းကျေးရွာ၊ လိပ်ကျရေတံခွန် အပါအဝင် အနီးဝန်းကျင်အား သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ KIA သောင်းကျန်း သူထုတ် KA-2-5 ခေါက်ဒင် လက်၊ KA-2-5 လက်၊ TYPE 81 လက်၊ M79 ဗုံးပစ်လောင်ချာ လက်၊ ပေါင်း ၂၁ လက်၊ ကျည်အိမ် ၂၀ ခု၊ .၅၆ ကျည် ၁၄၅၀ တောင့်၊ 7.62 ကျည် ၅၀၀ တောင့်၊ 12 ဗို့ကျည် ၆၁ တောင့်၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ လက်လုပ်မိုင်း လုံး၊ ဒီတိုနေတာ (လျှပ်စစ်) ၉၉၃ ခု၊ ဒီတိုနေတာ(မီးရှို့) ၁၃၄ ခု၊ အီကွေမန့် စုံနှင့် MPDF တံဆိပ်ပါအလံ ခုတို့အား သိမ်းဆည်းရမိခဲ့သည်။

တရားခံ အောင်သူရကျော်()ဇီးကွက်၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ရက် တွင် ဝင်းလှိုင်(၄၁)နှစ်အား ပြည်ကြီးတံခွန်မြို့နယ်၊ ()ရပ်ကွက်၊ ၆၀(ဒီ)လမ်းတွင် လည်းကောင်း၊ သီဟကို(၂၄)နှစ်နှင့် ဝေသူအောင်(၂၈)နှစ်တို့ ဦးအား ပြည်ကြီးတံခွန် မြို့နယ်၊ ၁၂၉x၁၃၀ လမ်း၊ ၅၈x၅၉ လမ်းတွင် လည်းကောင်း၊ စိုင်းဇော်ဦး(၂၂)နှစ်အား အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင် လည်းကောင်း၊ ဖြိုးဝေ(၂၁)နှစ်အား မြစ်သားမြို့နယ်၊ ရိုးကန်ကျေးရွာတွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ အောင်သူရကျော်()ဇီးကွက်ပါ ကျား ၂၈ ဦး၊ ဦး ပေါင်း ၃၃ ဦးအား လက်နက်မျိုးစုံ ၂၂ လက်၊ လက်လုပ်သေနတ် လက်၊ ကျည်အိမ်မျိုးစုံ ၂၂ ခု၊ ကျည်မျိုးစုံ ၂၀၂၆ တောင့်၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ လက်ပစ်ဗုံး ၂၁ လုံး၊ လက်လုပ်မိုင်း လုံး၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တရားခံများ၏ ထွက်ဆိုချက်အရ သူရအောင်၊ ဇင်ဝိုင်း()မျိုးချစ် တို့သည် KIA တပ်မဟာ()တွင် လည်းကောင်း၊ ထက်လင်းခိုင်()ဒီပ သည် KIA တပ်မဟာ()တွင် လည်းကောင်း၊ အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ပြီး ကျန်ဖမ်းဆီးရမိ တရားခံ များသည် PDF အကြမ်းဖက် ဆင့်ပွားသင်တန်းများ တက်ရောက်ပြီးသူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် စက်တင်ဘာလ ပထမပတ်တွင် နောင်ရိုးအကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန် ကျန်တရားခံ ကိုဇော်()ကမ္ဘာ၏ စေခိုင်းချက်အရ အောင်ဖြိုး()ကိုဖြိုးသည် ပြည်ကြီး တံခွန်မြို့နယ်၊ ၁၂၅ လမ်းနှင့် ၁၂၆ လမ်းကြား၊ ဗိုလ်ချုပ်ပန်းခြံအနီးရှိ ကျောင်းဝန်းအတွင်း လက်လုပ်ဗုံးဖြင့် လည်းကောင်း။

အောက်တိုဘာလ ၂၁ ရက်တွင် YDF အကြမ်းဖက်အဖွဲ့မှ ဖြိုးသုန်ထွန်း သည် ပြည်ကြီးတံခွန်မြို့နယ်၊ ()ရပ်ကွက်၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြားရှိ ရွှေငါးစတိုးဆိုင် အား လက်လုပ်ဗုံးဖြင့် လည်းကောင်း။

အောက်တိုဘာလ ၂၂ ရက်တွင် YDF အကြမ်းဖက်အဖွဲ့မှ မျိုးကို() မျိုးကျော်နှင့် အောင်မျိုးဝင်း()မျိုးကြီးတို့ ဦးသည် ချမ်းအေးသာဇံမြို့နယ်၊ ၆၂ လမ်းနှင့် ၃၂(အေ) လမ်းထောင့်ရှိ မြတံခွန်နှင့်အောင်သန်းဆုထီဆိုင်အား လက်လုပ်ဗုံးဖြင့် လည်းကောင်း။

အောက်တိုဘာလ ၃၁ ရက်တွင် YDF အကြမ်းဖက်အဖွဲ့မှ ရှင်းသန့်နိုင်၊ အောင်မျိုးဝင်းနှင့် ဖမ်းဆီးရန်ကျန်တရားခံ ဝဏ္ဏကို တို့ ဦးသည် မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးရှိ Royal One KTV ဆိုင်အား လက်လုပ်ဗုံးဖြင့် လည်းကောင်း ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၄ ရက်တွင် အောင်ဖြိုး()ကိုဖြိုးသည် ပြည်ကြီးတံခွန် မြို့နယ်၊ ()ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ ဦး အား လက်နက်ငယ်ဖြင့် လည်းကောင်း။

စက်တင်ဘာလ ၂၅ ရက်တွင် နောင်ရိုးအကြမ်းဖက်အဖွဲ့မှ အောင်ဖြိုး()ကိုဖြိုး သည် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ ဦးအား လက်နက်ငယ်ဖြင့် လည်းကောင်း။

အောက်တိုဘာလ ၂၀ ရက်တွင် နောင်ရိုးအကြမ်းဖက်အဖွဲ့မှ ထက်လင်းခိုင် ()ဒီပသည် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်မှ ရစဖအဖွဲ့ဝင် ဦးကျော်ကျော်အား လက်နက်ငယ်ဖြင့် လည်းကောင်း။

အောက်တိုဘာလ ၃၀ ရက်တွင် နောင်ရိုးအကြမ်းဖက်အဖွဲ့ မှ အောင်ဖြိုး() ကိုဖြိုးသည် ဖမ်းဆီးရန်ကျန် တရားခံ ကွေးကွေး၏ စေခိုင်းချက်အရ မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင်()ရပ်ကွက်မှ အပြစ်မဲ့ပြည်သူ ဦးအား လက်နက်ငယ်ဖြင့် လည်းကောင်း။

နိုဝင်ဘာလ ရက်တွင် YDF အကြမ်းဖက်အဖွဲ့မှ ဖြိုးသုန်ထွန်း()ကိုဖြိုး သည် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၁၁၀ လမ်းနှင့် ၅၉ လမ်းထောင့်ရှိ ဆိုင်ကယ်အရောင်းဆိုင်မှ အပြစ်မဲ့ပြည်သူ ဦး အား လက်နက်ငယ်ဖြင့် လည်းကောင်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

တရားခံများ၏ထွက်ဆိုချက်အရ NLD ပါတီမှ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်စိုးလင်း၏ ချိတ်ဆက်ပေးမှုဖြင့် KIA တပ်မဟာ ()နှင်()တို့တွင် အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ပြီး ဖမ်းဆီးရမိလက်နက် ခဲယမ်းများအား KIA သောင်းကျန်းသူအဖွဲ့မှ ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရသည်။

တရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံ နက္ခတ်() နိုင်နိုင်ထွန်းနှင့် ကျော်စိုးလင်းတို့၏ စေခိုင်းမှုဖြင့် မန္တလေးမြို့အတွင်း အကြမ်းဖက် ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ်မှုများအား ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်နိုင်ရေး ပြည်ပနိုင်ငံများရှိ အစွန်းရောက် NLD ပါတီထောက်ခံသူများနှင့် အဖွဲ့အစည်းအချို့မှ လိုအပ်သောငွေကြေးများထောက်ပံ့ပေးလျက်ရှိကြောင်း ဖော်ထုတ် သိရသည်။

အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းစဉ်