Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁၇

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

နိုဝင်ဘာ ၂၀ ရက် (စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် သူတစ်ပါး နှင့် အဆင်ပြေမှုရှိ၊ မရှိကို မစဉ်းစားမဆင်ခြင်ဘဲ လုပ်ကိုင်တတ်သောမိလုံးနှင့်မိမိမှာကြားမည့် အကြောင်းအရာကို ထိထိမိမိ မမှာကြားမိသော ကိုကွေးနှင့် မကောက်တို့အကြောင်းကို ရေးဖွဲ့ထားသည့်ကိုကွေးနှင့် မကောက်ဇာတ်လမ်း မြန်မာတို့၏ မင်္ဂလာရှိသော အခမ်းအနားများ၌ ပါရှိလေ့ရှိသော မြန်မာ့ ဆိုင်းဝိုင်းအကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့်ဆိုင်းသုတဆောင်းပါး၊ မိဘများအနေဖြင့် ကလေးငယ်များကို ငယ်ရွယ်စဉ်ကပင် စည်းကမ်းတကျ သွန်သင် ဆုံးမထားသင့်ပုံကို တင်ဆက်ထားသည့်အလိုမလိုက်နဲ့နှစ်မျက်နှာကာတွန်း၊ ကလေး များအနေဖြင့် မိမိတို့ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်သင့်ပုံကို ရေးဖွဲ့ထားသည့်ဆုရတီ အောင်- အဆင်သင့်ပဲဟေ့နှစ်မျက်နှာ ကာတွန်း၊ အသက်ဘေးမှ လိမ္မာပါးနပ်စွာ ရုန်း ထွက်နိုင်ခဲ့သော ယုန်ကလေးနှင့်မိမိဒုက္ခရောက် ရမည်ကို မတွေးမိဘဲ မိုက်မဲစွာပြုမူခဲ့သော ခြင်္သေ့ကြီးတို့အကြောင်းကို ပညာပေးရေးဖွဲ့ထားသည့်ပါးနပ်တဲ့ယုန်နဲ့ မိုက်မဲတဲ့ခြင်္သေ့ပုံပြင်၊ တိရစ္ဆာန်လေးများ၏ သနားချစ်စရာကောင်းပုံကို တင်ဆက်ထားသည့်တိရစ္ဆာန်ချစ်သူများဝတ္ထု၊ ကလေးများအနေဖြင့် ပဲစားခြင်းဖြင့် ကျန်းမာရေးအတွက်ကောင်းကျိုးများ ရရှိနိုင်ပုံကို တင်ဆက်ထားသည့်ရွှေပိုး- ပဲစားကြသူများနှစ်မျက်နှာကာတွန်း၊ ကလေးများကို ရွှေသွေးအထူးထုတ် (၂၀၂၂)တွင် ထည့်သွင်း ဖော်ပြပေးမည့် ရွှေသွေးတို့လက်ရာ ပန်းချီနှင့် စာစီစာကုံးများ ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ခြင်း၊ countable noun (ရေတွက်လို့ရသည့်နာမ်) နှင့် uncountable noun (ရေတွက်၍မရသည့် နာမ်) များအကြောင်းကို လေ့ကျင့်ခန်းများနှင့် တကွတင်ဆက်ထားသည့်ရွှေသွေးအင်္ဂလိပ် သဒ္ဒါအင်္ဂလိပ်စာသင်ခန်းစာကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် အင်္ဂလိပ်စကားဝိုင်းကဏ္ဍနှင့် ကဗျာကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီ ဖြစ်ပါသည်။

သတင်းစဉ်