Skip to main content

ဖြတ်သန်းပြီးမြောက်ခဲ့သည့် လေးလတာခရီး…

အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဟူသော ဆိုရိုးစကား ရှိခဲ့သည်။ အချိန်သည် တစ်ရွှေ့ရွှေ့နှင့် မရပ်မနားခရီးနှင်နေဆဲ ဖြစ်သည်။ မိမိတို့ နိုင်ငံကို အရေးပေါ် အခြေအနေကြေညာကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးဆောင်မောင်းနှင်၍ ဖြတ်သန်းလာခဲ့သည်မှာ ယခုဆိုလျှင် လေးလတာခရီးကို လွန်မြောက်ခဲ့ပြီဖြစ်သည်။

လေးလတာအတွင်း နိုင်ငံတော် အစိုးရကပြည်သူများအတွက် အကျိုးပြု လုပ်ငန်းများက မျှော်မှန်းသည်ထက်ပင် များပြားလွန်းလှသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို မပြိုကွဲမပျက်စီး ရအောင်၊ တိုင်းရင်းသားပြည်သူများ အကျိုးစီးပွား မယုတ်လျော့အောင်၊ တိုင်းပြည်၏ အန္တရာယ်ရန်စွယ်များ ပျက်သုဉ်းအောင်နှင့် မီးစမီးနများ ငြိမ်းအေးအောင်၊ ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ကြ ရသည်နှင့်အတူ တိုင်းပြည်အကျိုး၊ နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဖော် ဆောင်ကာ နိုင်ငံတော်အခြေမယိုင်လဲ အောင်၊ တိုးတက်ဖွံ့ဖြိုးမှုကို ဆတိုးရရှိအောင် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထမ်းဆောင်ရသူ အကြီးအကဲများအဖို့ တာဝန်ဝတ္တရားများက ညွှန်းပြမကုန်နိုင် အောင်ပင် ရှိနေခဲ့ပြီဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ဦးတည်ချက် (၉) ရပ်ပါ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက်များ ကို တစိုက်မတ်မတ် အကောင်အထည် ဖော်လျက်ရှိသည့်အပြင် ရှေ့လုပ်ငန်းစဉ် ငါးရပ်တို့ကိုလည်း ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်း ဖော်ဆောင်နေသည်ကိုလည်း မြင်တွေ့ကြရမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် ဆူးင့်ခလုတ် ကန်သင်းများကို တိုင်းပြည်နှင့် တိုင်းရင်းသားလူမျိုး အားလုံး အနာတရ မဖြစ်စေဖို့၊ ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ ရည်ရွယ်ဆောင်ရွက်နေတာကိုလည်း မြင်တွေ့ရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ချက်များစွာအနက်မှ မေလတစ်လတာအတွင်း နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးများစေသည့် ဆောင်ရွက်ချက်များကို ပြည်သူများထံ ကောက်နုတ်တင်ပြ လိုက်ရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစည်းအဝေးများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၆/ ၂၀၂၁) ကို မေလ ၆ ရက်က ကျင်းပခဲ့ ပြီး အစည်းအဝေးအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးလက်နေပြည်သူများ ဖြစ်ကြသည့်အတွက် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ မြှင့်တင်ရန်၊ အရည်အချင်းရှိသည့် လူငယ်များအား ပညာရပ်အလိုက် လူမှန် နေရာမှန်ရောက်အောင် ဆောင်ရွက်ပေးရမည့် အစီအမံများနှင့် နိုင်ငံ၏ မြေယာ မူဝါဒနှင့်ပတ်သက်၍ အလေးအနက်ထားဆောင်ရွက်ကြရန်၊ ပြည်တွင်းကုန်ထုတ် လုပ်မှု မြင့်မားလာစေရန်၊ နိုင်ငံ့ဝန်ထမ်းများ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် အရည်အသွေးမြှင့်တင်ရန် စသည်ဖြင့် နိုင်ငံအတွက် လိုအပ်ချက်များကို မိန့်ကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၇/ ၂၀၂၁)ကို မေလ ၂၀ ရက်တွင် ကျင်းပ ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်ထောင်စုဝန်ကြီးများ မြို့နယ်၊ ခရိုင်အဆင့်အထိ ကွင်းဆင်းဆောင်ရွက်နေသည်မှာ ကောင်းမွန်သည့် ဆောင်ရွက်ချက်ဖြစ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသည် မူဝါဒကိုသာ ချမှတ်ပေးပြီး ဝန်ကြီးဌာနများက အကောင်အထည်ဖော်ရခြင်းအပေါ် ရှင်းလင်းပြောကြားခဲ့ပါသည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနများ အချင်းချင်းလည်း တိုင်ပင်ညှိနှိုင်း ဆွေးနွေးအကြံပြု ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မဲစာရင်းတွေ့ရှိမှုများ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ မဲမသမာမှု အခြေအနေမှန်များကို ဌာနဆိုင်ရာဝန်ထမ်းများ သိရှိရန် ပြော ကြားစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့အတူ ပြည်တွင်းစက်မှုလုပ်ငန်းများ ပြန်လည်ဦးမော့လာစေမည့် အစီအမံများဖြစ်သည့် နိုင်ငံပိုင်အထည် ချုပ်စက်ရုံ၊ ဝါစက်ရုံနှင့် နိုင်ငံပိုင်ဆေးဝါး စက်ရုံစသည်တို့ ပြန်လည်လည်ပတ်စေ ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုသက်သာစေနိုင်မည့် အခြေအနေ၊ ပုဂ္ဂလိကသို့ငှားရမ်း ထားသော စက်ရုံအလုပ်ရုံများကိုလည်း မူလစာချုပ်ပါ လုပ်ငန်းတာဝန်များ အတိုင်း ဆောင်ရွက်မှု ရှိ၊ မရှိ စိစစ်၍ စည်းကမ်းနှင့်အညီ ကြပ်မတ်ဆောင် ရွက်နိုင်မည့် အခြေအနေ၊ သဘာဝဘေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး၊ အများပြည်သူပို့ဆောင်ရေးစနစ် အားကောင်း စေရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချနိုင်စေရေးနှင့် လျှပ်စစ်ဓာတ်အားများ တရားမဝင် ရယူသုံးစွဲမှုများကြောင့် လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ လျှပ်စစ်ဓာတ်အားခများ သတ်မှတ်နှုန်းထားနှင့် သတ်မှတ်ချိန်အလိုက် ကောက်ခံရရှိရေး စသည့် အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၀/၂၀၂၁)ကို မေလ ၁၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားသည်။ မဲစာရင်း မှားယွင်းမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်နှစ်ခုတွင် စစ်ဆေးပြီးစီးခဲ့ရာ မဲမသမာမှုများနှင့် အရေးယူဆောင်ရွက်မည့် အခြေအနေများအား ပွင့်လင်းမြင်သာစွာ သတင်း ထုတ်ပြန်ပေးရန်ရှိနေကြောင်း၊ CoVID19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိသဖြင့် မိမိတို့နိုင်ငံအနေဖြင့်လည်း သတိထား ဆောင်ရွက်ရမည့် အခြေအနေများ၊ COVID-19 ကာကွယ် ဆေးထိုးနှံမှု မိမိတို့ နိုင်ငံတွင် ၁ သန်း ၉ သိန်းကျော် ထိုးနှံပြီး အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ ပါသည်။

ယခုနောက်ပိုင်း ဆူပူမှုများ အရှိန် ကျလာသော်လည်း ဘဏ်များ ထိခိုက်အောင် နိုင်ငံရေးအရ ဆောင်ရွက်လာ သည်များရှိသဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အားသာချက်ရှိသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစေရေး၊ နိုင်ငံအတွက် အဓိကကျသည့် စီးပွားရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် SME နှင့် သမဝါယမလုပ်ငန်းများကို ဖော်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် SME နှင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အားပေးရန်လိုပြီး ထုတ်ကုန်များအား သမဝါယမစနစ်ဖြင့် တိုက်ရိုက်ရောင်းချနိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန်ခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။

ကျောင်းသား ကျောင်းသူများ ပညာတတ်မြောက်စေရန်အတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် ကြိုးပမ်းခြင်းဖြစ်ပြီး နှောင့်ယှက်ဆောင်ရွက်နေမှုများသည် တိုင်းပြည်ဖျက်နေ သည့် လုပ်ရပ်ဖြစ်ပြီး ဆိုးရွားသောလုပ်ဆောင်ချက်ဖြစ်ကြောင်း၊ အဖျက် လုပ်ငန်းဆောင်ရွက်နေမှုများကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ်သွား ရန်လိုကြောင်း ဆွေးနွေးလမ်းညွှန်ခဲ့ပါ သည်။ ထို့ပြင် ကောင်စီဝင်များ၏ နိုင်ငံတော်အတွက် အကြံပြုချက်များ၊ ဆွေးနွေးညှိနှိုင်းချက်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြန်လည် ညှိနှိုင်းအဖြေရှာ ဆွေးနွေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၁၂၀၂၁)ကို မေလ ၂၄ ရက်တွင် နေပြည်တော်ရှိနိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မိမိတို့တာဝန်ယူ ပြီးနောက်ပိုင်း နိုင်ငံရေးအရ ဆန္ဒပြမှုများ ရှိလာကြောင်း၊ တာဝန်ယူရသည့် အခြေ အနေအား အကြိမ်ကြိမ်ရှင်းလင်း ပြောကြားထားသော်လည်း နားလည် သဘောပေါက်သူများ ရှိသကဲ့သို့ နားမလည်သူများလည်း ရှိကြောင်း ယခုအခါ ဆူပူသောင်းကျန်းမှုများမှ (တစ်ဆင့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက် လာကြောင်း၊ လက်နက်ကိုင် သောင်းကျန်းသူများ၏ နယ်မြေများအတွင်း ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများ တက်ရောက်ခြင်း၊ မတရားအသင်းအဖြစ် ကြေညာထား သည့် CRPHI NUG တို့မှ PDF များ ဖွဲ့စည်း၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ပြီး ဖျက်ဆီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိလာကြကြောင်း၊ ပြည်သူများ လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမှာစကား၌ ထည့်သွင်းပြောကြားသည်။

မိမိတို့ကောင်စီအနေဖြင့် နိုင်ငံတည် ငြိမ်အေးချမ်းစေရန်နှင့် နိုင်ငံအတွင်း စားရေရိက္ခာပေါများစေရန်၊ ယိမ်းယိုင်နေ သည့် စီးပွားရေးများ ပြန်လည်ကောင်း မွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံရှိလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေ ပြည်သူများဖြစ်သဖြင့် ကျေးလက်နေ ပြည်သူများ၏ စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို ပစ်ပယ်ထား၍ မရကြောင်း၊ ကျေးလက်စီးပွားရေး မြှင့်တင်ရေး အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး ဆင်းရဲချမ်းသာ ကွာဟမှုကို လျှော့ချရေး ဆောင်ရွက်ရာတွင် ပြည်နယ်များကို ဦးစားပေး ဆောင်ရွက်နေကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဘဏ်လုပ်ငန်းများနှင့် ငွေကြေး စီးဆင်းမှုများကို ပြည်သူလူထု ယုံကြည်မှုရှိအောင် ဆောင်ရွက်နေမှု၊ အခွန်စနစ်အပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်နေမှု၊ လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှု၊ မီဒီယာတုံ့ပြန်မှု လျင်မြန်အောင် ဆောင်ရွက်နေမှု၊ ကျောင်းသား ကျောင်းသူ များ အေးချမ်းစွာ ပညာသင်ကြားခွင့်ရအောင် ဆောင်ရွက်နေမှု အပါအဝင် နိုင်ငံအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းညှိနှိုင်းပေးခဲ့ပါသည်။

အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၁) အစည်းအဝေးကို မေလ ၂၇ ရက်က ကျင်းပခဲ့ပြီး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။ အစည်းအဝေး အပြီးတွင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ကော်မတီဥက္ကဋ္ဌက မိမိတို့ ကော်မတီ အနေဖြင့် ပြီးပြည့်စုံသည့် ပူးပေါင်း ဆောင်ရွက်မှုဖြစ်စေရန် စဉ်းစားတောင် ရွက်သွားရမည်ဖြစ်ပြီး စီမံချက်အပေါ်တွင် လက်တွေ့ ဆောင်ရွက်ကြရမည့် ဌာနဆိုင်ရာများ၊ စစ်ဘက်၊ နယ်ဘက်များမှ တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ စီမံချက်ပါအတိုင်း ဆောင်ရွက်နိုင်ရေးနှင့် လက်တွေ့ ဇာတ်တိုက်လေ့ကျင့်မှုများတွင် ပြည်သူများ ပါဝင်လာစေသည်အထိ စည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားခဲ့သည်။

စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို မေလ ၂၈ ရက်က ကျင်းပခဲ့ပြီး စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက အမျိုးသားစာရင်းအင်း ဆိုင်ရာ မူဝါဒ ၆ ရပ်ကို မူလက ချမှတ်ခဲ့ကြောင်း၊ စာရင်းအချက်အလက် မှန်ကန် ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီသည် ၂၀၁၃ ခုနှစ်ကပင် ဆောင်ရွက်လာခဲ့သည့် ကော်မတီဖြစ် သည့်အတွက် ရှိပြီးသားဆောင်ရွက်ဆဲ။

ဆောင်ရွက်ပြီး၊ ဆောင်ရွက်ရန်ကျန်ရှိသည့် အချက်အလက်များကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလို ကြောင်း၊ စာရင်းများ တိတိကျကျ ကောက်ယူနိုင်ရန် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှသာ မိမိတို့နိုင်ငံ၏ စာရင်းဇယား အချက်အလက်များ မှန်ကန်ပြီး ရရှိသည့် စာရင်းဇယားများ အရည်အသွေး ပြည့်ဝနေမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ယုံကြည်စိတ်ချမှု၊ ပြည်သူများမှ သတင်းအချက်အလက်များအပေါ်တွင် အားကိုး ဆောင်ရွက်မှု၊ ဗဟိုအဆင့် နိုင်ငံတစ်ဝန်းလုံး၏ အချက်အလက်များအား ကြည့်ရှု၍ လမ်းညွှန်မှုများ မှန်မှန်ကန်ကန်ဖြင့် ဆုံးဖြတ်နိုင်မည်ဖြစ်ပါကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ နိုင်ငံတကာနှင့် ဒေသတွင်း ဆက်ဆံရေး အလေးထား (၂၄) ကြိမ်မြောက် အာဆီယံ +၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးကို မေလ ၃ ရက်မှ ၅ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပရာ ကိုဗစ်ကာလအတွင်း မြန်မာအစိုးရအနေဖြင့် စီးပွားရေး စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အစီအမံများကို အဆိုပါ အစည်းအဝေးအတွင်း တာဝန်ရှိသူများက ထည့်သွင်းပြောကြား နိုင်ခဲ့သည်ကို မြင်တွေ့ရသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်စွန့်ခွာသူ များသည် ၎င်းတို့ဆန္ဒအရ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးနှင့် ၎င်းတို့၏ ရေရှည်ဘဝရပ်တည်ရေးတို့ အပါအဝင် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ကြိုးပမ်းလျက်ရှိ သည့်အပြင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ စီမံချက်များချမှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို မေလ ၂၂ ရက်က မြင်တွေ့ရသည်။ တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာသူများမှ အခက်အခဲ အမျိုးမျိုးကြောင့် မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်လိုသဖြင့် ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD/CHRD) ကော်မတီသို့ ဆက်သွယ်၍ မိမိအစီအစဉ်ဖြင့် မိသားစုအလိုက် ပြန်လည်ဝင်ရောက်လာခဲ့ရာ ယနေ့အထိ စုစုပေါင်း ၇၉၀ စိစစ် လက်ခံခဲ့ပြီးတာဝန်ရှိသူများကနိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) များ စိစစ်ထုတ်ပေးခဲ့သည်ကို မြင် တွေ့ရသည်။

အာရှ - ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group - AP JG) က မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု (Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ်များ အပေါ် အကဲဖြတ်ခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက် ချက်များ ဆွေးနွေးခြင်းဆိုင်ရာ အစည်း အဝေးကို မေ ၁၁ ရက်တွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်၍ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများ ဆွေးနွေး ပြောကြားရာတွင် ငွေကြေးခဝါချမှု

ဆိုင်ရာအန္တရာယ်များကို နားလည်စေရေး အတွက် ကြီးကြပ်ရေးအာဏာပိုင်များနှင့် ညှိနှိုင်းအစည်း အဝေးများ ပြုလုပ်ခြင်း၊ ငွေရေးကြေးရေး မဟုတ်သော စီးပွားရေး လုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ (DNFBPS) အတွက် ဆုံးရှုံးနိုင်ခြေ အန္တရာယ်အခြေပြု လမ်းညွှန်ချက် ထုတ်ပြန်ခြင်း၊ ပြည်ပငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများအား လိုင်စင်ထုတ်ပေးမှုနှင့် ကြီးကြပ်စစ်ဆေးရေး ဆောင်ရွက်ထားရှိမှု၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အကောင်အထည်ဖော်ဆောင် ရွက်မှုများ၊ ငွေကြေးခဝါချမှုဆိုင်ရာ ပြစ်မှု များအား စုံစမ်းစစ်ဆေးခြင်း၊ ပြစ်မှု ကျူးလွန်ရာမှရရှိသည့် ငွေကြေးနှင့် ပစ္စည်းများအား နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များနှင့်အညီ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် တိုးတက် ဆောင်ရွက်မှုများ နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

(၄၉) ကြိမ်မြောက် အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ ဒါရိုက်တာအဖွဲ့ဝင်များ အစည်းအဝေးကို မေလ ၂၄ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အစီရင်ခံစာ တင်ပြခြင်း၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ၏အရေးပါမှုကဏ္ဍ၊ ကြုံ တွေ့နေရသည့် စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများက ညှိနှိုင်းအဖြေရာ ဆွေးနွေးခဲ့ကြပါသည်။

မြန်ပြည်တစ်လွှားဒေသများအထိ လိုအပ်ချက်များ ဖြည့်ဆည်းပေးနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ၁၇ရက်တွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံခဲ့ပြီး မန္တလေးမြို့တော်ကြီး သန့်ရှင်း သာယာလှပရေး၊ ရေစီးရေလာကောင်း မွန်ရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ပေးဝေရေး၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာ စနစ်ကျနစေရေး၊ စိုက်ပျိုးရေးအထွက်နှုန်း မြင့်မားစေရေး စသည့်ကိစ္စရပ်များနှင့် လက်ရှိနိုင်ငံတော်၏ အခြေအနေများ၊ ပညာသင်ကြားရေး အတွက် လိုအပ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်ကို ကာကွယ်ရန်ဖြစ်ပြီး တပ်မတော်သားတိုင်း၏ စွမ်းရည်တိုး တက်မြင့်မားစေရေး အတွက် အတန်းပညာ၊ အတတ်ပညာများနှင့် ရာထူး အဆင့်နှင့် လျော်ညီသည့် လေ့ကျင့်မှုများကို သင်တန်းကျောင်းအသီးသီးတွင် လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်းနှင့် မိမိတို့တစ်ဦးချင်း၏ တာဝန်များကို ထမ်းဆောင်ရာတွင် စစ်သားကောင်းပီသ စွာဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က မေလ ၁၇ ရက်တွင် ကျင်းပသည့် သပိတ်ကျင်းတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် နယ်မြေခံ တပ်မတော်တန်းမြင့် သင်တန်းကျောင်းမှ သင်တန်းသားများအား တွေ့ဆုံအမှာ စကားပြောကြားစဉ် ထည့်သွင်းပြော ကြားခဲ့ပါသည်။

ထို့အတူ တပ်မတော်အနေဖြင့် ပြည်သူက ရွေးချယ်ထားသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း ခိုင်ခိုင်မာမာ ဖြစ်စေရန် နိုင်ငံတော်၏ တာဝန်များကို ဥပဒေနှင့်အညီ ခေတ္တတာဝန်ယူ ထမ်းဆောင်နေခြင်းဖြစ်သဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကို ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော်အတွက် မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မေလ ၁၈ ရက်က အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။

ထိုနေ့တွင်ပင်နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့ ရှေးဟောင်းအမွေအနှစ် နယ်မြေဖြစ်သည့် မြနန်းစံကျော်ရွှေနန်းတော် ပရိဝုဏ်အတွင်းရှိ အမြောက် ပြတိုက်၊ မင်းတုန်းမင်းအုတ်ဂူ၊ ဒင်္ဂါးသွန်း စက်ရုံနှင့် မြနန်းစံကျော်ရွှေနန်းတော်ကြီး နှင့် အမရပူရမြို့နယ်ရှိ မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံ၊ မြစ်ငယ်တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး မြန်မာ့ မီးရထား အထူးတွဲဖြင့် အမရပူရမြို့နယ် မြစ်ငယ်ဘူတာမှ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ရွာထောင်ဘူတာအထိ လိုက်ပါစီးနင်းခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်ပြီး အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည်နှင့် အညီ သန့်ရှင်းသာယာသပ်ရပ်မှုတွင် စံပြဖြစ်နေရမည်ဖြစ်ကြောင်း မေလ ၂၈ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နေပြည်တော် မင်္ဂလာကန်တော်ပတ်လမ်း တိုးချဲ့ တည်ဆောက်မည့် အခြေအနေနှင့် ရာဇဌာနီလမ်း ကုက္ကိုတန်းရှေ့ အလှမြက်ခင်းစိုက်မည့် မြေနေရာပြုပြင်မှုအခြေအနေများ သွားရောက်ကြည့်ရှုစဉ်ပြောကြားလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား မေလ ၃၁ ရက်က တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လုပ်ဆောင်ချက်များ၊ ရှေ့ဆက် သွားရမည့် မူဝါဒများကို ရှင်းလင်း ပြောကြားခဲ့သည်ကို မြင်တွေ့ရပြီး အတူ လိုက်ပါလာကြသည့် ပြည်ထောင်စု ဝန်ကြီးများကလည်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဆောက်လုပ်ရေး ကဏ္ဍ စသည့်ပြည်သူ့ အကျိုးပြု ကဏ္ဍများအတွက် ဆောင်ရွက် ပေးခဲ့ကြသည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်သည်ဟု ဆိုရာတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် တည်ငြိမ် အေးချမ်းရေးလုပ်ငန်းများ သာမက နိုင်ငံတော်၏ နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းရေးအတွက် ထိန်းသိမ်းဆောင် ရွက်ခြင်းသည်လည်း နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ခြင်း ပင်ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ်လာမှုများကို ကာကွယ်ပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း၊ ကပ်ရောဂါ ကြုံတွေ့နေရမှုများကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေး ခြင်းနှင့် မိမိလုပ်ငန်း တာဝန်များကို ကောင်းမွန်ကျေပွန်စွာ သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေခြင်း သည်လည်း နိုင်ငံတော်ကို ကာကွယ်နေခြင်းပင် ဖြစ်ကြောင်း မေလ ၃၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘားအံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

(ဆက်လက်ဖော်ပြပါမည်)

ကနောင်