နေပြည်တော် ဧပြီ ၁၇
၁၃၈၃ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံသူ နိုင်ငံသားများ ဥပဒ်ဘေးဒဏ် ဘေးရန် အန္တရာယ်ကင်းဝေးစေရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ် ရေး ကောင်စီ မြန်မာ့ နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ ပျဉ်းမနားမြို့ မဟာဝိ သုတာ ရာမစျေးကုန်းကျောင်းတိုက်ပဓာနနာယက ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲ ရေးဝန်ကြီး ဌာနနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနား မစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ငုရွှေဝါခန်းမအတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဆွမ်း၊ ရေချမ်း၊ ပန်းမန်နှင့် သစ်သီးများဖြင့် ဆပ်ကပ်လှူဒါန်း ပူဇော်သည်။
ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ စျေးကုန်းဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ် များ က ကိုးပါးသီလ ခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက အန္တရယ်ကင်းပရိတ် တရားတော်များ ရွတ်ပွားတော်မှုပြီး အနန္တရာယိက အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်ချီးမြှင့်တော်မူကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်၊ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်၊ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ တက်ရောက်လာသည့် ဧည့်ပရိသတ်များက အနုမောဒနာ တရား နာကြား၍ ရေစက်သွန်း လောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီး စိုးထွဋ်နှင့် တာဝန်ရှိသူ များက နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)