Skip to main content

နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘော စစ်ရေယာစဉ် အပါအဝင် စစ်ရေယာစဉ်များ၊ ရဟတ်ယာစဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့်ခန်း လေ့ကျင့်ဆောင်ရွက်

နေပြည်တော်၊ ဧပြီ ၁၀

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ကာကွယ်ရေးစွမ်းရည် ထက်မြက်မြင့်မား စေရန် တပ်မ တော်(ကြည်း၊ ရေ၊ လေ) လေ့ကျင့်ခန်းများကို အမြဲမပြတ် လေ့ကျင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင်လည်း ဧပြီလ ၂ နေ့မှစ၍ မြန်မာ့ရေပြင်ပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်း တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘော စစ်ရေယာစဉ် (မင်းရဲသိင်္ခသူ) အပါအဝင် စစ်ရေယာစဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက်စစ်ဆင်မှုနှင့် ပစ်ခတ်မှုလေ့ကျင့်ခန်း (Three-Dimensional Naval Exercise-Sea Shield 2020) အား လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လေ့ကျင့်ဆောင်ရွက်နေမှုများအား ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော် အရာရှိကြီးများ၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် တာဝန်ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှု့ စစ်ဆေး သည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင် များသည် လေ့ကျင့်ခန်းဆောင်ရွက်နေသည့် စစ်ရေယာစဉ်များအား ကြည့်ရှုစစ်ဆေးရန် စစ်ရေ ယာစဉ်(မုတ္တမ)ပေါ်သို့ ရဟတ်ယာစဉ်ဖြင့် ဆင်းသက်ရောက်ရှိ ခဲ့ရာ (Three-Dimensional Naval Exercise-Sea Shield 2020)အား လေ့ကျင့် လျက်ရှိသည့် လေ့ကျင့်ခန်း ကြီးကြပ် ရေးမှူး(Officer Scheduling Exercise-OSE) ဗိုလ်ချုပ် ထိန်ဝင်း၊ တာဝန်ရေတပ်မမှူး ဗိုလ်မှူးကြီး တက်လွင်ထွန်းနှင့် လေ့ကျင့်ခန်း တွင်ပါဝင်သည့် အရာရှိကြီးများက ကြိုဆိုခဲ့ ကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်(ရေ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်အတိုင်း စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့် ခန်း (Sea Shield -2020)ကို လေ့ကျင့်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ရေပြင် သွားစစ်ရေယာစဉ်များ၊ ရေငုပ်သင်္ဘောနှင့် ရဟတ်ယာစဉ်တို့အပါအဝင် စစ်မျက်နှာ သုံးဘက်မှစစ်ဆင်ခြင်း Three-Dimensional Operation လေ့ကျင့်ခဲ့မှုအခြေအနေ အား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တာဝန်ရေတပ်မမှူးက လေ့ကျင့်ခန်း လက်တွေ့ ဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ယခုပြုလုပ်သည့် လေ့ကျင့်ခန်းသည် ပစ်ခတ်မှုလေ့ကျင့်ခန်းဖြစ်သဖြင့် ပစ်မှတ် များကို တိကျစွာထိမှန်အောင် အလေးထားလေ့ကျင့်ဆောင်ရွက်ပြီး သင်ခန်းစာ ဖော်ထုတ်ရန် လိုအပ်သည့်အခြေအနေများနှင့် လေ့ကျင့်ရေးဆိုင်ရာများလုပ်ဆောင် ရာတွင် သတင်းအချက်အလက် စုံလင်စွာရယူခြင်း၊ ပိတ်ဆို့ခြင်း၊ တားဆီးခြင်း၊ ချေမှုန်းခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်စစဉ်းစားလုပ်ဆောင်ရန် အရေးကြီးသည့် အခြေအနေများနှင့် ပတ်သက်ပြီး ပြန်လည်ဆွေးနွေး ပြောကြားသည်။ ဆက်သွယ်ဆောင်ရွက်ခဲ့ ထို့နောက် လေ့ကျင့်ခန်းမစတင်မီ စစ်ရေယာစဉ်များ ပစ်မှတ်ရှိရာသို့ ခုတ်မောင်း နေစစဉ် လေ့ကျင့် ခန်းဧရိယာအတွင်း နိုင်ငံခြားကုန်သွယ်ရေးရေယာစဉ်တစ်စီးအား တွေ့ရှိသဖြင့် စစ်ရေ ယာစဉ်(မုတ္တမ) မှ ROE အရ ရေယာစဉ်ဆိုင်ရာ အချက်အလက်များ မေးမြန်းခြင်းနှင့် လေ့ကျင့်ခန်း ဧရိယာမှ ရှောင်ရှားထွက်ခွာနိုင်ရန် ဆက်သွယ် ဆောင်ရွက်ခဲ့သည်။ ဆက်လက်ပြီး လေ့ကျင့်ခန်းအစီအစစဉ်အတိုင်းစစ်ရေယာစဉ် ၁၀ စီးမှ ရေပြင် ပစ်မှတ်၊ ဝေဟင်ပစ်မှတ်များအား အမြောက်ကြီးများ၊ စက်အမြောက်များဖြင့်လည်း ကောင်း၊ ရေအောက် ပစ်မှတ်များအား Torpedo များဖြင့်လည်းကောင်း လက်တွေ့ ပစ်ခတ်လေ့ကျင့်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာစဉ် (မုတ္တမ)ပေါ်မှ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် လေ့ကျင့်ခန်းတွင်ပါဝင်သည့် ရေငုပ်သင်္ဘောစစ်ရေယာစဉ် (မင်းရဲ သိင်္ခသူ)၊ စစ်ရေယာစဉ်များနှင့် တပ်မတော် (လေ)မှ ရဟတ်ယာစဉ်များက Single Line Formation ဖြင့် ပုံပြုချီတက်ကာ မြန်မာ့ပင်လယ် ဒို့ကာကွယ်ဆိုသည့် ဆောင်ပုဒ်ကို အားမာန်အပြည့်ဖြင့် ဟစ်ကြွေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက် ခုတ်မောင်း အလေးပြုကြသည်။ ခုနစ်ကြိမ်ရှိပြီ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ခန်းတွင်ပါဝင်သည့် တာဝန် ရေတပ်မမှူးနှင့် အရာရှိ၊ စစ်သည်များကို စစ်ရေယာစဉ်(မုတ္တမ)ပေါ်၌ အမှာ စကားပြောကြားရာတွင် Sea Shield လေ့ကျင့်ခန်းကို ၂၀၁၄ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၇ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခင်လုပ်ဆောင်ခဲ့သည့် အတွေ့ အကြုံများကိုယူ၍ ယခုလေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သာမာန်အား ဖြင့်ကြည့်မည်ဆိုပါက ပုံမှန်လေ့ကျင့်ခန်းတစ်ခုဖြစ်သော်လည်း နိုင်ငံတော်ကာကွယ် ရေးအတွက် အလွန်အရေးပါသည့် လေ့ကျင့်မှုတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရေပိုင်နက်သည် အလွန်ကျယ်ပြန့်ပြီး ကမ်းရိုးတန်းအရှည် ရေမိုင် ၁၃၀၀ ခန့် ရှည်လျားကာ ရေပြင်ဧရိယာစတုရန်းရေမိုင် ၁၄၄၀၀၀ ကျော်ကျယ်ဝန်းသဖြင့် ရေပိုင် နက် ဧရိယာကို လုံခြုံအောင် ကာကွယ်နိုင်ရေးတွင် တပ်မတော်(ရေ)၏ အခန်းကဏ္ဍ သည် အလွန်အရေးကြီးကြောင်း၊ ရေတပ်တွင် လေ့ကျင့်ရေးနှင့် ပတ်သက်ပါက ပစ်မှတ်ထိမှန်ရန် အဓိကအရေးကြီးပြီး ရေကြောင်းစစ်ဆင်ရေးတိုက်ပွဲများတွင် စစ်ရေယာစဉ် တစ်စီး ထိမှန် ပျက်စီးပါက ဆုံးရှုံးမှုအလွန်ကြီးမားပြီး တိုက်စွမ်းရည်ကို များစွာထိခိုက် စေနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ “ပစ်လျှင်ထိရမည်၊ ထိအောင်လည်း လေ့ကျင့်ရမည်” ဆိုသည့် လေ့ကျင့်ရေးမူဝါဒအတိုင်း ပစ်မှတ် ထိမှန်အောင် စနစ်တကျလေ့ကျင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုလေ့ကျင့်ခန်း တွင် Area Target ကို ပစ်ခတ်ခြင်းဖြစ်သဖြင့် သတ်မှတ်ထားသည့် ဧရိယာအတွင်း၊ ဘောင် အတွင်းသို့ ကျရောက်အောင် လေ့ကျင့်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ကြောင်း။ တပ်မတော်(ရေ)ကို ယခင်က ဖရီးဂိတ်စစ်ရေယာစဉ် မေယုဖြင့် စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ်မှ စ၍အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ကာ အမြန်သွားတိုက်ရေယာစဉ်၊ အမြောက် တင်ရေ ယာစဉ် စသည်တို့မှ တစ်ဆင့် ကိုယ်ပိုင်စစ်ရေယာစဉ်များ ထုတ်လုပ်နိုင် သည်အထိ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ စစ်ရေယာစဉ်များကို ကိုယ်တိုင် ထုတ်လုပ်ခြင်းအားဖြင့် အရေ အတွက်တိုးပွားလာမည်ဖြစ်ပြီး Calibre လည်း များစွာ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်ထုတ်လုပ်နိုင်ရုံ နှင့် မရဘဲ လက်နက်စနစ်၊ လက်နက်ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှုရှိအောင်လည်း လေ့ကျင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့ နိုင်ငံ ရေပိုင်နက်အတွင်း ပြည်တွင်း၊ ပြည်ပမှ တရားမဝင် ရေပေါ်၊ ရေအောက် သယံဇာတ ခိုးထုတ်ယူမှုများ ရှိခဲ့ ကြောင်း၊ ထို့ကြောင့် ရေသယံဇာတများကို တိုင်းပြည်က အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် ရေပြင်ပိုင်နက်နယ်နိမိတ်ကို ကာကွယ်နိုင်ရန် တပ်မတော်(ရေ)ကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။ အမြဲအသင့်ဖြစ်အောင် ပြင်ဆင်ထား ကာကွယ်ရေး ဆောင်ရွက်ရုံသာမက HADR လုပ်ငန်းများ၊ သဘာဝဘေးဒဏ် ကြောင့် ပင်လယ် ပြင်အတွင်း အရပ်ဘက်ရေယာစဉ်များ ရေဝင်နစ်မြုပ်ခြင်း၊ မီးလောင် ခြင်း၊ ဘေးဒုက္ခ အမျိုးမျိုး ကြုံတွေ့ရခြင်း စသည်တို့အတွက် လူသားခြင်းစာနာ အကူအညီပေးရေး ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ Humanitarian Assistance Disaster Response(HADR)ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး အတွက် အမြဲအသင့်ဖြစ်အောင် ပြင်ဆင်ထား ရမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ စစ်ရေယာစဉ်များ စေလွှတ်ပြီး ဒုက္ခကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၁၅၆ ဦးကို အောင်မြင်စွာ သွားရောက် ခေါ်ဆောင်နိုင်ခဲ့ကြောင်း၊ အဆိုပါဆောင်ရွက်မှုသည် ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် အတိဒုက္ခခံစားနေကြရသည့် မိမိနိုင်ငံသားများကို ကယ်ထုတ် လာနိုင်ခြင်း လည်းဖြစ်သကဲ့သို့ HADR လုပ်ငန်းများကို လုပ်ဆောင်နိုင်စွမ်း ရှိသည်ကို ပြသ နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။ ယခု လေ့ကျင့်ဆောင်ရွက်ခဲ့သည့် လေ့ကျင့်ခန်းသည် ကောင်းမွန်သည့် လေ့ကျင့်ခန်း တစ်ခုဖြစ်ပြီး ဝေဟင်၊ ရေပြင်နှင့် ရေအောက် မှ ခြိမ်းခြောက် တိုက်ခိုက် လာသည့် ရန်သူကို တန်ပြန်တိုက်ခိုက်ချေမှုန်းနိုင်ရေးလေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ လေ့ကျင့်ခန်းပြုလုပ်သည့် အဆင့်မှသည် တိုက်ပွဲဝင်အသင့်စစ်ဆင်နိုင်စွမ်းရှိ သည့် အဆင့်(Drill to Action) သို့ ရောက်ရှိရေး ဦးတည်လေ့ကျင့်ရမည်ဖြစ်ပြီး လေ့ကျင့်ခန်းနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ် သုံးသပ် ရမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက် စုဆောင်းမှုနှင့် ပတ်သက်၍ မိမိတို့ရရှိ ထားသည့် အချက်အလက်များသည် မှန်ကန်ရန် လိုအပ်မည်ဖြစ်ပြီး မှန်ကန်သည့် အချက်အလက်များရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း။ လုပ်ဆောင်သွားကြရမည်ဖြစ် လေ့ကျင့်ခန်းကို အောင်မြင်အောင်နှင့် အကျိုးသက်ရောက်မှုရှိအောင် လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည့်အတွက် လေ့ကျင့်ခန်းတွင် ပါဝင်သည့် အရာရှိ၊ စစ်သည် များ အားလုံး၏ လုပ်ဆောင်မှုများကို အားရကျေနပ်မှုရှိပါကြောင်း၊ ယခုကဲ့သို့ လေ့ကျင့်ခန်းများကို တိုင်းပြည်၏ ကာကွယ်ရေးစွမ်းပကားမြင့်မားစေရန် ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်ပြီး တိုင်းပြည်အတွက်အကျိုးရှိအောင် လုပ်ဆောင်ကြရန်နှင့် မိမိတာဝန်ကို မှန်မှန်ကန်ကန်နှင့်ကျေပွန်အောင် လုပ်ဆောင်သွားကြရမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ သည့် အရာရှိ၊ စစ်သည်များအား အမှတ်တရလက်ဆောင်များပေးအပ်ရာ တာဝန် ရေတပ်မမှူးက လက်ခံရယူသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ရေယာစဉ် (မုတ္တမ) ပေါ်မှ ရဟတ်ယာစဉ်များဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။ ယနေ့ ပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်းသည် ရဟတ်ယာစဉ်၊ ရေငုပ်သင်္ဘောနှင့် ရေပြင်သွား စစ်ရေယာစဉ်များ ပါဝင်၍ သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသောရေတပ်ဖွဲ့ (Three-Dimensional Navy)ဖြင့် တိုက်စစ်၏ အခြေခံသဘောတရားဖြစ်သည့် ပစ်ခတ်မှုနှင့် စစ်ကစားမှု (Fire and Maneuver) ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ရေငုပ်သင်္ဘော စစ်ရေယာစဉ် (မင်းရဲသိင်္ခသူ)သည် မြန်မာ နိုင်ငံသို့ ရောက်ရှိချိန်မှစပြီး မြန်မာ့ရေပြင်ပိုင် နက်နယ်နိမိတ် စစ်ဆေးရေးရေပြင် ဌာနချုပ်ဧရိယာအတွင်း၌ ရေငုပ်စစ်ဆင်လေ့ကျင့်မှု အကြိမ်ပေါင်း ၁၃၁ ကြိမ်၊ နာရီ ပေါင်း ၁၇၀၈ နာရီ ၅၆ မိနစ်အထိ လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်