နေပြည်တော်၊ ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ခေမာကျောင်း လမ်းနှင့် ဧရာ(၁၅)လမ်းထောင့်အနီး၌ မတ် ၂၇ ရက် မွန်းလွဲ၃ နာရီခွဲခန့်တွင် အောင်အောင်ထက် (ခ)အောင်ထက်(ခ)အောင်ကြီး(ဘ)ဦးမျိုးညွန့်၊ ဘိုဘိုသူ(ဘ) ဦးသက်ဦး၊ မင်းမင်းဦး(ဘ) ဦးထွန်း ဝင်း၊ ရဲထွဋ်(ခ)ရဲရင့်ကျော်(ဘ)ဦးထွန်းဝင်း၊ ငမိုး (ခ)အောင်ဇော်မိုး (ဘ)ဦးမောင်တင်၊ အောင်နိုင် ဦး(ဘ)ဦးကျော်ညွန့်၊ ဝဏ္ဏ(ခ)ဝဏ္ဏသူ (ခ)ပြည့်စုံမြင့်(ဘ) ဦးအုန်းမြင့်၊ စည်သူထွန်း(ဘ) ဦးလှမြင့် အောင်၊ ဇော်မျိုးအောင်(ဘ) ဦးဝင်းအောင်၊ ကျော်သူ (ဘ)ဦးဌေးလှိုင်၊ ဂျင်းမီ(ခ) စိုးထွန်းနိုင် (ဘ)ဦးအောင်သိန်း၊ ကျော်ဇေယျာလင်း(ခ) ကောင်းကောင်း(ဘ)ဦးလှမောင်သိန်း၊ အာကာ (ဘ)ဦးလှထွန်း၊ မျိုးကိုကိုကျော်(ဘ) ဦးမြင့်ဝင်း၊ ကိုဖြိုး(ခ)ပြည့်ဖြိုးကျော်(ဘ)ဦးမြင့်သိန်း၊ အောင်သက်ဦး (ဘ)ဦးငွေမြင့်၊ ဒေါ်နီနီအောင်(ဘ)ဦးအောင်တင်၊ ချိုတူး(ခ)မြင့်ဦး(ဘ) ဦးအောင် ကြည်နှင့် အောင်မောင်း(ခ) မင်းမင်းစိုး(ဘ)ဦးကြည်မြင့်တို့သည် ဗိုလ်ကြီး ထက်အောင်ကျော် နှင့်အတူ မောင်သန့်ဇင်ထွေးတို့ စီးနင်းမောင်းနှင်လာသည့် APACHE အမျိုးအစား အနက်ရောင် မော်တော်ဆိုင်ကယ်၊ ဗိုလ်ကြီး ထက်အောင်ကျော် ကိုင်ဆောင်သည့် ပစ္စတိုသေနတ် ၁ လက်၊ MAH(U) အမျိုးအစား ICON တစ်လုံးတို့ကို လုယက်ယူဆောင်ခြင်း၊ ဗိုလ်ကြီး ထက်အောင်ကျော်နှင့် မောင်သန့်ဇင်ထွေးတို့ကို နောက်ပြန်ကြိုးတုပ်ကာ တုတ်များ၊ ဓားများဖြင့် ဝိုင်းဝန်း ရိုက်နှက် ထိုးခုတ်ခြင်း၊ လက်သီးဖြင့်ထိုးခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ် ခဲ့သဖြင့် ၎င်းတို့တွင် ဒဏ်ရာများ အသီးသီးရရှိကာ မောင်သန့်ဇင်ထွေးမှာ ယာဘက်ရင်ခေါင်းထိုး သွင်းဒဏ်ရာကြောင့် ယာဘက်အဆုတ်ထိုးသွင်းဒဏ်ရာရရှိပြီး ရင်ခေါင်းအတွင်း သွေးလွန် ခြင်းကြောင့် သွေးထွက်လွန် သွေးလန့်၍ သေဆုံးခဲ့ခြင်းတို့ ဖြစ်ခဲ့ရသည်အထိ ၎င်းတို့သည် ဓားပြမှုကို ကျူးလွန်ရာတွင် လူသတ်မှု ကိုပါ ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၉၆/၃၉၇ အရ ဧပြီ ၈ ရက်တွင် “ သေဒဏ် ”အမိန့်ချမှတ်လိုက် ကြောင်း သိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူ ၁၉ ဦးအနက် မင်းမင်းဦး(ဘ)ဦးထွန်းဝင်း၊ ရဲထွဋ်(ခ) ရဲရင့် ကျော်(ဘ)ဦးထွန်းဝင်း၊ ငမိုး(ခ)အောင်ဇော်မိုး(ဘ)ဦးမောင်တင်၊ အောင်နိုင်ဦး (ဘ) ဦးကျော်ညွန့်၊ ဝဏ္ဏ(ခ)ဝဏ္ဏသူ(ခ)ပြည့်စုံမြင့်(ဘ)ဦးအုန်းမြင့်၊ စည်သူထွန်း(ဘ) ဦးလှမြင့်အောင်၊ ဇော်မျိုးအောင် (ဘ)ဦးဝင်းအောင်၊ ကျော်သူ(ဘ)ဦးဌေးလှိုင်၊ ဂျင်းမီ(ခ)စိုးထွန်းနိုင်(ဘ)ဦးအောင်သိန်း၊ ကျော်ဇေယျာ လင်း(ခ) ကောင်းကောင်း (ဘ) ဦးလှမောင်သိန်း၊ အာကာ(ဘ)ဦးလှထွန်း၊ မျိုးကိုကိုကျော် (ဘ)ဦးမြင့်ဝင်း၊ ကိုဖြိုး(ခ) ပြည့်ဖြိုးကျော်(ဘ)ဦးမြင့်သိန်း၊ အောင်သက်ဦး(ဘ) ဦးငွေမြင့်၊ ဒေါ်နီနီ အောင်(ဘ) ဦးအောင်တင်၊ ချိုတူး(ခ)မြင့်ဦး(ဘ)ဦးအောင်ကြည်နှင့် အောင်မောင်း (ခ)မင်းမင်းစိုး (ဘ)ဦးကြည်မြင့် တို့သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းနှင့်စပ်လျဥ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့သည်။
အလားတူ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ ခေမာသီလမ်းရှိ မြောက်ဥက္ကလာပ မြို့နယ်၊ တရားရုံး၌ မတ် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဝင်းထက် (ခ)အလီ(ဘ)ဦးသိန်းလွင်၊ အောင်ဆန်း(ခ) ရာမူတွတ်လာ(ဘ)ဦးလှဝင်း၊ သီဟနိုင်(ခ) အဇစ်(ဘ)ဦးမိုးဆွေ၊ ဝင်းမင်းစိုး(ဘ) ဦးမိုး စိန်နှင့် ဒေါ်မူမူမြင့်(ဘ)ဦးဘထွန်းတို့သည် တရားရုံးအဆောက်အဦ၊ ကွန်ပျူတာ(၅)လုံး၊ မိတ္တူစက် အကြီး(၁)လုံး၊ အသေး(၁)လုံး၊ ပရင်တာ(၅)လုံး၊ သက်သေခံကား(၈)စီး၊ သက်သေခံ ဆိုင်ကယ်အစီး (၇၀) ခန့်၊ သက်သေခံ စက်ဘီးအစီး (၂၀)ခန့်၊ ရုံးသုံးပရိဘောဂ၊ ရုံးသုံးစာရွက် စာတမ်းများနှင့် ဥပဒေစာအုပ်များကို ပြည်သူပိုင်ပစ္စည်း မှန်းသိပါလျက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြင့် ပြည်သူပိုင် ပစ္စည်းကို မီးဖြင့် အကျိုးဖျက်ဆီးမှုပြုလုပ်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၁၉၄၇ ခုနှစ်၊ ပြည်သူပိုင်ပစ္စည်း ကာကွယ် ရေးအက်ဥပဒေပုဒ်မ ၆(၁)အရ ဧပြီ ၈ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် (၇)နှစ် အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ထို့ပြင် မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ ခေမာသီလမ်းရှိ မြောက်ဥက္က လာပမြို့နယ် တရားရုံး၌ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသည့် YAMAHA FZ အမျိုး အစား၊ ဆိုင်ကယ် (၁)စီးကို မတ် ၁၉ ရက် ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် ခိုးယူခဲ့သည့် ရာဇာဦး(ဘ)ဦးခင်ထွေးအား စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၁၉၄၇ ခုနှစ်၊ ပြည်သူ ပိုင်ပစ္စည်း ကာကွယ်ရေးအက် ဥပဒေပုဒ်မ ၆(၁)အရ ဧပြီ ၈ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် (၇)နှစ် ကို ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် မြောက် ဥက္ကလာပမြို့နယ်တို့တွင် အထည်ချုပ်စက်ရုံများ၊ အခြေခံပညာအထက်တန်း ကျောင်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို မီးရှို့ဖျက်ဆီးခြင်း၊ မီးငြှိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီး နှောင့်ယှက်မှုများ ဆောင်ရွက်သည့်အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ( Martial Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန် ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန် ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေး ယူဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)