နေပြည်တော် မတ် ၂၅ ခင်ဦးမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ လူစုလူဝေးဖြစ်ပွားမှုကို ဖြိုခွဲထိန်းသိမ်းစဉ် သေဆုံး ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ သတင်းထုတ်ပြန်ချက်အရ မတ် ၂၅ ရက် မွန်းလွဲ ၁၂နာရီ၅ မိနစ်တွင် ခင်ဦးမြို့ အောင်ချမ်းသာ ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ ဦးဆောင်သူ (စိစစ်ဆဲ) ဆူပူဆန္ဒပြသူ လူစုလူဝေးအင်အား ၂၀၀ ခန့်သည် ခင်ဦး-ရွှေဘို ကားလမ်းမကြီးအား အတား အဆီးများဖြင့် ပိတ်ဆို့ကာ မူးယစ်ရမ်းကား ဆူပူ အော်ဟစ်ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အခြေ အနေအားထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ကြောင်း။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆူပူအော်ဟစ်ဆန္ဒပြ လူစုလူဝေးအားလူစုခွဲနိုင်ရေးဥပဒေနှင့်အညီ ညှိနှိုင်း ဖြေလျှော့မှုများပြုလုပ်ခဲ့သော်လည်း ဆူပူဆန္ဒပြသူ များကလိုက်နာမှုမရှိသည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင် များကို လေးခွ၊ ဂျင်ကလိ၊ အုတ်ခဲများ ဖြင့် ပြန်လည် အကြမ်းဖက် ရန်ပြု ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များ ဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူ အကြမ်းဖက်သူလူစုလူဝေးအတွင်းမှ အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ကာ ဆူပူအကြမ်းဖက်သူ အမျိုးသား ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် လူသေဆုံးခဲ့မှု နှင့်ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီသေမှု သေခင်း ရေးဖွင့်၍ ဖမ်းဆီးရမိသူများအနက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ နှစ်ဦးကို လိုအပ်သော ဆေးဝါးကုသမှုများ ပြုလုပ်နိုင်ရန်အတွက်ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။ အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် မိုးညှင်းမြို့ မြို့မရပ်ကွက် ပြည်ထောင်စုလမ်းမကြီး နှင့် ပင်လုံလမ်းဆုံတွင် ဦးဆောင်သူ (စိစစ်ဆဲ) ဆူပူ ဆန္ဒပြသူ လူစုလူဝေးအင်အား ၂၀၀ ခန့်သည် ဆူပူ ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် အခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ကြောင်း။ လုံခြုံရေးတပ်ဖွဲ့ဝင်များကဆူပူဆန္ဒပြလူစုလူဝေး အား လူစုခွဲနိုင်ရေး ဥပဒေနှင့်အညီ ညှိနှိုင်းဖြေ လျှော့မှုများ ပြုလုပ်ခဲ့သော်လည်း ဆူပူဆန္ဒပြသူများက လိုက်နာမှုမရှိသည့်အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို လေးခွ၊ ဂျင်ကလိ၊ အုတ်ခဲ၊ မီးပုလင်း၊ လက်လုပ် သေနတ်များ အသုံးပြုကာ အရက်သေစာသောက်စား ထားပြီး မူးယစ်ဆေးဝါးများ အလွန်အကျွံသုံးစွဲထား သည့်ပုံသဏ္ဌာန်များဖြင့် အသိဉာဏ်ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် ပြန်လည်အကြမ်းဖက်ရန်ပြု ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့် ပစ်ခတ်လူစုခွဲခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲ တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူလူစုလူဝေးအတွင်းမှ အမျိုးသား နှစ်ဦး (စိစစ်ဆဲ)မှာ သေဆုံးခဲ့ကာ အမျိုးသား နှစ်ဦးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း။ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် လူသေဆုံးခဲ့မှုနှင့် ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်း ရေးဖွင့်၍ ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးကို လိုအပ်သော ဆေးဝါးကုသမှုများ ပြုလုပ်နိုင်ရန်အတွက် မိုးညှင်း ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး ဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ သတင်းစဉ်
နောက်ဆုံးရသတင်းများ

25 Jun, 2025