Skip to main content

2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီ (၅) ရက်နေ့ည (၁၀) နာရီအချိန် သတင်းထုတ်ပြန်ချက်

(က) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောက်ရွက်လျက်ရှိရာ ယနေ့ (၅-၂-၂၀၂၀) ရက်နေ့အထိ သံသယလူနာ (၂) ဦးအပါအဝင် လူနာ (၁၀) ဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါ လူနာများထံမှ ဓာတ်ခွဲနမူနာများ ရယူခဲ့ပြီး နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့ညပိုင်းတွင် အောက်ပါလူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများကို ရရှိခဲ့ပါသည် -

(၁) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ကျိုင်းတုံ ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူလျက်ရှိသော အသက် (၁) နှစ်၊ (၂) လ အရွယ် ကလေးငယ် (မ) တစ်ဦး၊

(၂) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိုင်ပေမှ မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံ၌ စောင့်ကြပ်ကြည့်ရှု ကုသခဲ့မှုခံယူလျက်ရှိသော အသက် (၁၅) နှစ်အရွယ် ကလေး (ကျား) တစ်ဦး၊

(၃) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး လွိုင်ကော် ပြည်သူ့ဆေးရုံကြီး၌ စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူလျက်ရှိသော မြန်မာနိုင်ငံသား၊ အသက် (၂) နှစ် (၂) လအရွယ် ကလေးငယ် (မ) တစ်ဦး နှင့်

(၄) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး၌ စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူလျက်ရှိသော တရုတ်ပြည်သူ့သမ္မတ နိုင်ငံသား အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦးတို့တွင် (မည်သူ့တွင်မှ) 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။

(ခ) သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူနေသော ကျန်လူနာများ၏ ဓာတ်ခွဲ စစ်ဆေးမှု အဖြေ သတင်းများရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

 

Ref; Ministry of Health and Sports, Myanmar