Skip to main content

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ကြီးနှင့် ရွှေတိဂုံစေတီတော်ကြီးတို့အား ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ

ရန်ကုန် မတ် ၁၇ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁ဝ နာရီတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန် အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် စေတီတော်ဂေါပကအဖွဲ့ရုံးခန်း၌ ဂေါပကအဖွဲ့ဝင် ဦးလှထွန်း က စေတီတော် မြတ်ကြီး၏ တည်ထားကိုးကွယ်မှုဆိုင်ရာ သမိုင်းကြောင်းများနှင့် ဘက်စုံ ပြုပြင်မွမ်းမံပြီးစီးမှု များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စေတီတော်မြတ်ကြီးအား ရဟန်းရှင်လူ ပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာ န၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့် အညီ ဆောင်ရွက်သွားရန်နှင့် စေတီတော်နှင့် ပတ်သက်၍ တိုးတက်စည်ပင်အောင် ဆောင်ရွက်စေ လိုကြောင်း၊ စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်းနှင့် သာသနာရေး လုပ်ငန်းများကို ဆောင် ရွက်ရာတွင် စေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူ ပြီး ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သွားကြရန် မှာကြားသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဂေါပက အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများ၏ သြဝါဒကို ခံယူ၍ စေတီတော် မြတ်ကြီး ရေရည်တည်တံ့ခိုင်မြဲစေရေး၊ လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်မည့် လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဂေါပကအဖွဲ့ဝင်များသည် စေတီတော်ကြီး၏ ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ သာသနာရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီသုံးစွဲရန် လိုအပ်ကြောင်း၊ ဘုရားဖူးရဟန်းရှင်လူ ပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင် ရေးအတွက် လိုအပ်သည်များကို အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် သာသနာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သာသနာရေးဆိုင်ရာများကို ဖြည့်စွက်ဆွေးနွေး ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက သက်ဆိုင် ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြား သည်။ (သတင်းစဉ်)