Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဆားလင်းကြီးမြို့နယ် သဲကောကြီးကျေးရွာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်နှင့် Quarantine Center သို့ သွားရောက် ကြည့်ရှု

မုံရွာ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ များ လိုက်ပါ၍ ယနေ့ နံနက်(၁၀)နာရီက ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် သဲကောကြီးကျေးရွာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် နှင့်  Quarantine Center သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် သဲကောကြီးကျေးရွာအဝင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်နှင့် သဲကောကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Center တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအား တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကျေးရွာပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊   Positive လူနာများနှင့် ထိတွေ့မိသူများအား စနစ်တကျ စာရင်းကောက်ယူ၍  Quarantine Center ထားရှိ ရန်လိုကြောင်းနှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အားလုံးပူးပေါင်း၍ အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး အဆိုပါ သဲကောကြီးကျေးရွာအတွက် လက်သန့်ဆေးရည်ဘူး(၁၀)ဘူး၊ Mask (၂၅၀၀)ခု၊ လက်အိတ်(၁)ဘူးတို့ကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)