Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း

တောင်ကြီး  ဇန်နဝါရီ ၁၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ယနေ့နံနက် (၁၁) နာရီအချိန် က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ International Kawnghka Area Development Company Limited နှင့် ဦးဘရန်မိုင်ဆဲဗင်းဟွာကျင့် အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မှ လာရောက်လှူဒါန်း‌ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် International Kawnghka Area Development Company Limited မှ အလှူငွေကျပ်သိန်း(၁၀၀)၊ ဦးဘရန်မိုင်ဆဲဗင်းဟွာကျင့် အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မှ အလှူငွေကျပ်သိန်း(၃၀၀) ပေးအပ်လှူဒါန်းရာ  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)