Skip to main content

နတ်တလင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးရွာချင်း ဆက်သွယ်မည့်လမ်း ဖောက်လုပ်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်တလင်း ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ နေ့လယ် ၁၂ နာရီက ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အနောက်ဘက် တောင်ယာတော ကျေးရွာအုပ်စု တောင်ယာတော ကျေးရွာသို့ ရောက်ရှိပြီး ဇီးကုန်းမြို့နယ် တောင်ရေကန် ကျေးရွာနှင့် နတ်တလင်းမြို့နယ် တောင်ယာတောကျေးရွာတို့ ဆက်သွယ်မည့်လမ်း ဖောက်လုပ် နိုင်ရေးအတွက် မြေပြင်အခြေအ နေကို ကွင်းဆင်းစစ်ဆေးကြည့်ရှုသည်။

ရှေးဦးစွာ နတ်တလင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တိုင်းဒေသကြီးအဆင့် ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကျေးရွာရပ်မိ ရပ်ဖများနှင့် ဒေသဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆွေးနွေးကြသည့်။ ထို့နောက် ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဌာနများ၏ တင်ပြချက်များကို ပြန်လည်ဆွေးနွေးမှာကြားသည်။ ၄င်းနောက် န်ကြီးချုပ်နှင့် အဖွဲ့သည် ဇီးကုန်းမြို့နယ် တောင်ရေကန် ကျေးရွာမှ နတ်တလင်းမြို့နယ် တောင်ယာတောကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်မည့် လမ်းကြောင်းကို ကြည်ရှုစစ်ဆေးကြပြီးနောက် ကြို့ပင်ကောက် မြို့နယ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ဝင်းမြင့် နတ်တလင်း