Skip to main content

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြို့နယ် နေဗီယာမြက်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း

ဇီးကုန်း ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် နွားတဲကုန်းကျေးရွာအုပ်စု၊ မြောက်လွှတ်ကုန်းကျေးရွာ စားကျက်မြေတွင် စိုက်ပျိုးထားသော နေဗီယာ မြက်စိုက်ပျိုးရေးသရုပ်ပြခြံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ ဆောင် သီးသန့်ခန်း ပြင်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်နိုင်ဦးမှ လိုက်လံရှင်းလင်းပြသခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် PPE ဝတ်စုံများ၊ Hand GEL များ၊ နှာခေါင်းစည်းနှင့် အလှူငွေများအား  ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဆရာဝန်ကြီးတို့က လက်ခံယူခဲ့ကြောင်း သိရ သည်။

မြို့နယ်ပြန်/ဆက်