Skip to main content

Mar 14, 2023

မေး။ ။ ယခုရက်ပိုင်းမီဒီယာအချို့မှာ ပင်လောင်းမြို့နယ် နမ့်နိမ်ရွာဘုန်းကြီးကျောင်းမှာ သံဃာသုံးပါးနဲ့ ပြည်သူတွေကို ကယား PDF လို့ စွပ်စွဲပြီး တပ်ကအစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့နေရပါတယ်။ အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို သိချင်ပါတယ်ရှင်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 14, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 14, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအား‌ပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 14, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ၂၃၀ ကေဗွီ ပျဉ်းမနား ပင်မဓာတ်အားခွဲရုံနှင့် ၃၃ ကေဗွီ ပျဉ်းမနားဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 14, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် မတ် ၁၁ ရက်မှ ၁၂ ရက်အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) နေပြည်တော်၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို အောင်မြင်စွာကျင်းပနိုင်ခြင်း အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနတွင် ကျင်းပသော Scrabble ပြိုင်ပွဲသို့ တက်ရောက်အားပေးကာ ဆုရရှိသူများကို ပြိုင်ပွဲအထိမ်းအမှတ် ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကို ပေးအပ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 14, 2023

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာနိုင်ငံသစ်တောကျောင်း အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် ၁၁၆ ကျောင်း ဆင်းစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ အားကစားကွင်း၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ကျောင်းဆင်းသင်တန်းသားများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 14, 2023

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 14, 2023

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်တွင် “လမ်းလျှောက် သင်္ကြန်” အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 14, 2023

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 13, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံဧရိယာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သဘာဝဂေဟစနစ်အမှီပြု လယ်ယာကဏ္ဍတိုးတက်ရေးစီမံကိန်း Agroecological Project တွင်ပါဝင်သည့် သီးနှံသစ်တောရောနှောစိုက်ခင်းများ ထူထောင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 13, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ်များကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 13, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှုဆောင်ရွက်နိုင်ရန် လေတိုက်နှုန်းတိုင်းကိရိယာ (Anemometers) စိုက်ထူထားသော ဂွလေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 13, 2023

စပါးအပါအဝင် တစ်နှစ်နှစ်သီးမှ သုံးသီးစိုက်ပျိုးနိုင်ရန် ဒေသရေမြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် သက်တမ်းတိုစပါး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရန် လိုအပ်ကြောင်း၊ မျိုးစေ့ဖူလုံစွာ အသုံးပြုနိုင်ရန် မျိုးစေ့ထုတ်လုပ်ငန်းတွင် တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးစေ့ထုတ်တောင်သူများအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို မိမိတို့ဝန်ကြီးဌာနက အ‌လေးထားဆောင်ရွက်ပေးလျက်ရှိရာ မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူအဖြစ်သာမက မျိုးစေ့ထုတ်လုပ်ငန်းရှင်များအဖြစ် ပြောင်းလဲတိုးတက် အောင်မြင်လာစေရေး ကြိုးပမ်းသွားကြရန် တိုက်တွန်း ပါကြောင်း ယမန့်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စုရှိ နွေစပါး ဧက(၁၀၀)စံပြကွက်၌ တောင်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုး‌ရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဆွေးနွေးပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 13, 2023

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ဌေးနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး၌ Essential Motors Co.,Ltd မှ Charging Station တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြေပြင်လုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် သတ်မှတ်ချိန် အချိန်မီပြီးစီးရေးအတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးအနေဖြင့် လိုအပ်သည်များ ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 13, 2023

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်းရှိ အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ် (၁၁၆) သင်တန်းသားအိပ်ဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 12, 2023

၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်တို့အတွက် သုံးနှစ်စာစုပေါင်းကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို မတ် ၁၀ ရက်က ရန်ကုန်မြို့ ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် “မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ခြင်းထက် မြန်မာ့ရုပ်ရှင်လောကကြီးစင်မြင့်ပေါ် ပြန်လည်ရောက်ရှိရန်အရေးကြီးကြောင်း၊ ရုပ်ရှင်လောကကြီးပြန်လည်အသက်ဝင်လှုပ်ရှားရန် အချိန်အခါရောက်ပြီဖြစ်ကြောင်း။” ထည့်သွင်းပြောကြားခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 12, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ်ရှိ မအူပင်ရေနံနှင့် သဘာဝ ဓာတ်ငွေ့မြေကို သွားရောက်စစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 12, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon ၌ စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ၏ “ဘဝဇာတ်ခုံဖြစ်ရပ်စုံ” စာအုပ်များ ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 11, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 11, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်