Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအသင်း (Woman Club) တို့ ပူးပေါင်း၍ ၁၉၉၈ ခုနှစ်၊ အမျိုးသားစာပေဆုရစာအုပ်၊ စာရေးဆရာလယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ပါသည်။