ကွမ်းလုံ ဇွန် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး အကြိုဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို ယနေ့နံနက်(၁၁)နာရီအချိန်က ကွမ်းလုံမြို့ ဝန်ထမ်း ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အခြေခံပညာမူလတန်း(ဟဲဟော်)ကျောင်းတို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲတွင် ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဇာချိုက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲ/ရောင်းချခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းနှင့် မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်ဓာတ်ပုံများကို ကြည့်ရှုခဲ့ကြပြီး နယ်လှည့်စာကြည့်တိုက်တွင် စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)