ပုဇွန်တောင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသ

ပုဇွန်တောင် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးနံရံကပ်စာစောင်များပြပွဲကို ယနေ့နံနက်(၁၀:၀၀)အချိန်က  ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးဆိုသည်မှာ၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် စိတ်လက္ခဏာသွင်ပြင်များ၊ မူးယစ်ဆေးပပျောက်ရေး မဟာဗျူဟာ(၂)ရပ်၊ မြန်မာမင်းများလက်ထက် မူးယစ်ဆေးဝါးအား တားဆီးနှိမ်နင်းရေးအမိန့်တော်ထုတ်ပြန်ပုံ၊  ဘိန်းဖြူသုံးစွဲခြင်းကြောင့်ရရှိသည့် ရလဒ်ဆိုးကျိုးများ၊ ဆေးခြောက်သုံးစွဲခြင်းကြောင့် ရရှိသောကျန်းမာရေးပြသနာများ၊  လူငယ်လူရွယ်များ အလွဲသုံးရာမှစွဲစေတတ်သည့်ဆေးဝါးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးတိုက်ဖျက်ရေးမှတ်တမ်းဓာတ်ပုံများ စသည့်သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်နံရံကပ်စာစောင်ကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်ရုံးအနေဖြင့် နေ့ထူးနေ့မြတ်များ၊ ကာလဒေသနှင့်ကိုက်ညီသည့် အခြားသိသင့်သိထိုက်သော အကြောင်းအရာများကို အသိပညာဗဟုသုတရစေရန် နံရံကပ်စာစောင်များကို စဉ်ဆက်မပြတ်ပြသပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်