ဗိုလ်တထောင်မြို့နယ်တွင် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပဆောင်ရွက်‌

ဗိုလ်တထောင် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်(၁၁:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သိန်းသိန်းယဉ်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် တွေ့ကြုံရမည့် ဆိုးကျိုးအန္တရာယ်တွေကို သိရှိစေရန် ပြသဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်အား ပြသဆောင်ရွက်ရာ တက်ရောက်သူဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။

နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သောရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို အသိပညာ‌ပေးပြသထားကြောင်း သိရသည်

သိန်းသိန်း (ဗိုလ်တထောင်)