နယ်ရုံးများ၏သတင်းများ

Jun 05,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်း၌ ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Jun 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပလတ်စတစ် ညစ်ညမ်းမှုများအကြောင်းကို ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရန်အတွက် အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
Jun 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Talk Show ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်၌ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Jun 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ မိုးရှင်း (I.M.T) ရေးသားသော “သူစိတ်ဓာတ်ကျတိုင်း ဖတ်ဖို့” စာအုပ်ဖြင့် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်း‌ ပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 05,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွာကို ကာကွယ်နိုင်ရေး သိရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်လူထုအခြေပြု ဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပခဲ့သည်။
Jun 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ပူးပေါင်းပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပျိုရေးအကြောင်း အသိပညာပေး (Talk Show) ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Jun 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မား‌စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ‌ရေး၊စာပေမှရရှိသောဗဟုသုတများတိုးပွားစေရန်ရည်ရွယ်ချက်ဖြင့်စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁ဝ)နာရီခွဲ အချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။