ဒဂုံ​မြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် Talk Show ကျင်းပ

ဒဂုံတောင် ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Talk Show ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်၌ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ် သန်းသန်းအေးက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ် ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဓာတ်ပုံကျွမ်းကျင်- ဦးသက်မင်းဟန်က ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသင့်သည့်အချက်များ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ထိခိုက်စေနိုင်သောအချက်များ၊ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ စသည်တို့ကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။

ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရုံး အနေဖြင့် ပြည်သူများအသိပညာဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိရာ ယနေ့တင်ဆက်သည့်ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show များအပြင် အခြားသော အသိပညာဗဟုသုတ ရရှိစေမည့်အကြောင်းအရာများကိုလည်း ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)