နယ်ရုံးများ၏သတင်းများ

Jun 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ယ​နေ့နံနက် (၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူများ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရရှိပြီး စာ​ပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိလာ​စေရန် ရည်ရွယ်၍ စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။​
Jun 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ အခြေခံ ရှမ်းစာ၊ စကားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Jun 01,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။
Jun 01,2023
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Jun 01,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ အမှတ်(၂)ကျေးရွာရှိ ပန်းပျိုးရတနာမြေ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
May 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် က‌‌လေးငယ်များအား ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
May 29,2023
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပပျောက်စေရေး အထူးအလေးထားရည်ရွယ်လျက် က‌လေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး” (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
May 29,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကိုင်းရှည်ကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။