ပေါက်ခေါင်းမြို့နယ်၌ AI နည်းပညာသင်တန်းဖွင့်လှစ်

ပေါက်ခေါင်း ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် AI နည်းပညာတိုးတက်ပြောင်းလဲမှုများမှတစ်ဆင့် (Artificial Intelligence) ဉာဏ်ရည်တုပြောင်းလဲမှုဖြစ်စဉ်များ၊ AI နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဝန်ထမ်းတိုင်းက အခြေခံအားဖြင့် သိရှိနားလည်ထားကြရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်ရုံးမှ ကြီးမှူးဖွင့်လှစ်သာ AI နည်းပညာသင်တန်းကို ပေါက်ခေါင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စတင်သင်ကြားလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က AI and Types of AI အကြောင်း၊ Using AI tools and Chatbots အကြောင်းနှင့် AI ၏ အားသာချက်များနှင့် အားနည်းချက်များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျွမ်းကျင် (၂) (ဓာတ်ပုံ) (အင်အားပြ) ဦးဖုန်းကျော်ဇင်က AI နည်းပညာဖြင့် Video ပြုလုပ်နည်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက် (၃) ဒေါ်သင်းသင်းထွေးက AI နည်းပညာအသုံးပြု၍ ဓာတ်ပုံဖြင့်အဖြေရှာနည်းတို့ကိုလည်းကောင်း အသီးသီးသင်ကြားပို့ချပေးခဲ့ကြောင်းသိရကာ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၂၆) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဇွန်လ (၄) ရက်မှ (၅) ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)