သံတွဲ ဩဂုတ် ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ လူငယ်များနှင့်စာဖတ်ဝိုင်းကို ဩဂုတ်လ ၂၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး စာရေးဆရာမ ခင်စောတင့် (ဘာသာပြန်)ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်တွင် ပါရှိသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” ဆောင်းပါးအား ဖတ်ကြားဆွေးနွေးခဲ့သည်။
၎င်းနောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော မောင်ဖြိုးဝဏ္ဏကျော်က “လမ်းလျှာက်ထွက်ကြမယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဝင်းသီရိကျော်က “သိုက်မြုံမှခွာသောအခါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပိုင်ပိုင်စိုးက “ရှုမဆုံးတော့သည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မထူးသဇင်က “စကားပြောဖို့ခလုပ်နှိပ်လိုက်ပါ” ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေနွေးခဲ့ကြရာ ဦးစီးအရာရှိက ဖတ်ကြားဆွေးနွေးမှုများအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။
သန့်ဇင်(ခရိုင်ပြန်ဆက်)