မြန်အောင်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးခြင်းများဆောင်ရွက်

မြန်အောင် နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က အ.လ.က လက်ပံရပ်ကျောင်းခန်းမ၌ အသိပညာပေး ဟောပြောခြင်း၊ စာဖတ်စွမ်းရည်မြှင့်တင်ခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောရာတွင် အ.လ.က လက်ပံရပ်ကျောင်းအုပ်ဆရာကြီး ဦးဝေလင်းအောင်နှင့် မြို့နယ်ပညာရေးမှူးရုံး  ဦးစီးအရာရှိ (စာရင်းအင်း) ဦးစိုးဝင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မွန်ဇာဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးဝါနှင့် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်တို့က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး ဟောပြောခဲ့ကြသည်။

ဆက်လက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟု သုတတိုးပွားရေးအတွက် စာပေများလေ့လာဖတ်ရှု အသုံးပြုတတ်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှု၍ စာဖတ်စွမ်းရည်၊ ပုံပြော၊ ကဗျာရွတ်ခြင်းများကို ဆောင်ရွက်ကြရာ မြို့နယ်ပညာရေးမှူးရုံး  ဦးစီးအရာရှိ(စာရင်းအင်း)ဦးစိုးဝင်းက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ ဆုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံ ကပ်စာစောင်အား ကြည့်ရှုလေ့လာမှတ်သားခဲ့ကြသည်။

ဝင်းဗိုလ် (ပြန်/ဆက်)