ဆိပ်ဖြူ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာသူများအား ပေါက်ကွဲစေပြီး အန္တရာယ်ဖြစ်နိုင်ခြေရှိသည့် ပစ္စည်းများနှင့် ဘေးကင်းစွာပြုမူနေထိုင်ရေး ယမန်နေ့ နံနက် ၁၀ နာရီက ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
အဆိုပါအသိပညာပေးခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အန္တရာယ်ဖြစ်နိုင်ခြေရှိသည့် ပစ္စည်းများနှင့် အသိသတိပြုခြင်း၊ ဘေးကင်းစွာပြုမူနေထိုင်ခြင်းအစီအစဉ်အရ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာသူများ ဘေးကင်းလုံခြုံရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်နှင့် သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့် စေတနာဝန်ထမ်းများ၊ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာသူများ တက်ရောက်ခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း အန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအစီအစဉ် ကွင်းဆင်းအရာရှိ ဦးဇင်နိုင်ဦးတို့က အသိပညာပေးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း၊ စေတနာ့ဝန်ထမ်းများက ပေါက်ကွဲစေပြီး အန္တရာယ်ဖြစ်နိုင်ခြေရှိသည့် ပစ္စည်းများနှင့် ဘေးကင်းစွာပြုမူနေထိုင်ရေး လိုက်နာဆောင်ရွက်ရမည့် အသိပညာပေးကို ရှင်းလင်း ပြောကြားပေးခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)