နယ်ရုံးများ၏သတင်းများ

Jun 25,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  သတင်းစကားလက်ကမ်းစာစောင်များကို ဇွန်လ ၂၃ ရက်နေ့  နံနက် (၁၀) နာရီအချိန်တွင်  အခြေခံပညာကျောင်းများ၌ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Jun 25,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
Jun 25,2026
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ပညာမဟာ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
Jun 25,2026
​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီက စာရေးဆရာ ဖေမြင့် ရေးသားထားသည့် “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
Jun 25,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။   
Jun 25,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို  ဇွန်လ ၂၃ ရက်နေ့  မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
Jun 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်စံဝင်း ရေးသားသော "ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်မိုးကောင်းကင်" စာအုပ်ဖြင့် ဇွန်လ (၂၄) ရက်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Jun 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။