သရက်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပ

သရက် ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ပညာမဟာ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်က “မူးယစ်ဆေးရန် တို့တွန်းလှန် ပူးပေါင်းတိုက်ဖျက်နိုင်ငံအတွက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး တင်အောင်မိုးက “မူးယစ်ဆေးစွဲသူတို့၏ ခံစားရသောလက္ခဏာများ၊ ဘိန်းဖြူသုံးစွဲခြင်းကြောင့်ရရှိသည့် ရလာဒ်၏ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ဖွဲ့တည်းမှ ဆောင်ရွက်၍မရရှိနိုင်ဘဲ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက်ကျန်းမာရေးဦးစီးဌာနမှ ကလေးကျန်းမာရေးအရာရှိ ဒေါ်စန်းစန်းသင်းက ဆေးရွက်ကြီးနှင့် ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများအကြောင်းအရာကို  ပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများကထုတ်ဝေသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ  ဖြန့်‌ဝေပေးခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်နှင့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများအား ပြသပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)